မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. သန်မာပြီး ကျန်းမာတဲ့လက်သည်းကို အမျိုးသမီးတိုင်းလိုချင်တတ်ကြပါတယ်။ ပုံမှန်လက်သည်းညှပ်တာက အရေးကြီးပေမယ့် ဒါက လက်သည်းကိုဂရုစိုက်တဲ့ နည်းလမ်းတစ်ခုတည်းမဟုတ်ပါဘူး။
တကယ်လို့ သင်ကလည်းသည်းဆိုးဆေး အမြဲဆိုးတဲ့လူ ဒါမှမဟုတ် လက်သည်းကိုက်တတ်တဲ့လူဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးပါ။ ဒါမှ ကျန်းမာပြီးလှပတဲ့လက်သည်းလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။

လက်သည်းများကို အစိုဓာတ်ပေးပါ

လက်တွေကလည်း အသားအရေလိုဘဲ အစိုဓာတ်လိုအပ်ပါတယ်။ ဒါကြောင့် လက်သည်းကို ဂရုစိုက်ဖို့ ပထမဆုံး လက်သည်းခွံနဲ့လက်သည်းတွေကို ပုံမှန်အစိုဓာတ်ပေးပြီး ဖြစ်နိုင်ရင် လက်ဆေးတဲ့အချိန်တိုင်းပါ။ ညအိပ်ရာမဝင်မီ သံလွင်ဆီ သို့မဟုတ် အုန်းဆီအနည်းငယ်နဲ့ လက်ကို နှိပ်နယ်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ

ရေနဲ့ အကြာကြီးထိတွေ့တာများလို့  ကောင်းကောင်းမခြောက်ရင် လက်သည်းတွေ ကွဲနိုင်ပြီး အစိုဓာတ်ကြောင့် ရောဂါပိုးများ ကူးစက်နိုင်ပါတယ်။ ဒါကြောင့်  လက်သည်းတွေကို ပုံမှန်ဆေးကြောပြီး လက်သည်းခြေသည်းများကို အသုံးမပြုမီနဲ့  အသုံးပြုပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။

လက်သည်းကိုမခြစ်ပါနဲ့

လက်သည်းဆိုးဆေးဖြတ်တဲ့အခါ လက်သည်းဖြတ်ဆေးကို သုံးပေးပါ။ လက်သည်းပေါ်က အရောင်တောက်တာတွေကို ခြစ်ထုတ်တာက လက်သည်းခြေသည်းတွေကို ပျက်ဆီးဖို့ အဆိုးဆုံးပါပဲ။

Base Coat နဲ့ Top Coat ကိုသုံးပါ

လက်သည်းနီကို မကြာခဏသုံးတဲ့အခါ လက်သည်းတွေ ထိခိုက်နိုင်ပြီး ကြာလာရင် အရောင်ပြောင်းလာနိုင်ပါတယ်။ ဒါကြောင့် လက်သည်းနီဆိုးတော့မယ်ဆို Base Coat နဲ့ Top Coat ကိုသုံးပေးပါ။ ဒါဟာ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ လက်သည်းထိန်းသိမ်းမှု တစ်ခုပါပဲ။

လက်အိတ်သုံးပေးပါ

တချို့အလုပ်တွေက လက်သည်းတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဆပ်ပြာထဲမှာပါတဲ့ ဓာတုပစ္စည်းတွေကအရေပြားနဲ့ လက်သည်းတွေကို ခြောက်သွေ့သွားစေနိုင်တာကြောင့် ရာဘာလက်အိတ်ကို မဖြစ်မနေ ဝတ်ပေးသင့်ပါတယ်။

လက်သည်းကို ပုံမှန်ညှပ်ပေးပါ

လက်သည်းတွေက ပုံမှန်အရှည်ထက်ရှည်လွန်းရင် ပျက်စီးပြီး ကျိုးကြေလွယ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းပုံသဏ္ဍာန်ကို ထိန်းသိမ်းဖို့ နှစ်ပတ်တစ်ကြိမ် အချိန်ပေးပြီး ညှပ်ပေးပါ။