စာဖတ်သူ ပျိုမေလေးတို့ရေ… လောကမှာ အလှမကြိုက်တဲ့ မိန်းကလေးဆိုတာ မရှိဘူးလို့ ယုံကြည်ကြတယ်မလား။

ဟုတ်ပါတယ်။ မိန်းကလေးတိုင်းက အလှမက်ကြတဲ့သူတွေချည်းပါပဲ။ ကိုရီးယားမင်းသမီးလေးလို အသားအရေလှပချင်ကြပြီး လက်ချောင်း ခြေချောင်းလေးတွေ သွယ်သွယ်လေးနဲ့ ကျော့မော့သန့်ရှင်း လှပချင်ကြပါတယ်။

တချို့မိန်းကလေးတွေက လက်ချောင်း ခြေချောင်းလေးတွေက သေးသေးသွယ်သွယ်လေးနဲ့မို့ အင်မတန်ကံကောင်းကြပါတယ်။ ဒါပေမဲ့ စာဖတ်သူပျိုမေလေးအနေနဲ့ လက်ချောင်း မသေးသွယ်လို့ဆိုပြီး စိတ်မပျက်လိုက်ပါနဲ့။ လက်သည်းနီဒီဇိုင်းလှလှလေးတွေရဲ့ အကူအညီရယူနိုင်ပါတယ်။

Source: Shutterstock

အရင်ဦးဆုံး လက်သည်းအရှည်ထားလိုက်ပါ။ လက်သည်းအရှည်ထားတယ်ဆိုရင်လည်း ကိုယ့်ရဲ့ လက်ချောင်းလေးတွေကို အမြဲတမ်း သ, ထားရပါမယ်။ ချေးတွေဝင်ပြီး ညစ်ပတ်မနေအောင် သေချာဂရုစိုက်ပေးလိုက်ပါ။

ပြီးရင်တော့ လက်သည်းနီဒီဇိုင်းလှလှလေးတွေကို ပုံဖော်ပြီး မိန်းကလေးဆန်ဆန်နဲ့ လှပနိုင်ပါပြီ။ ကိုယ်တိုင်ကိုယ်ကျ လက်သည်းနီ ပုံမဖော်တတ်ဘူး ဆိုရင် အလှပြင်ဆိုင်မှာ လက်သည်းပုံဖော်လို့ရပါတယ်။ ဆိုင်မှာ လက်သည်းပုံဖော်မယ်ဆိုရင်တော့ ပိုပြီးသေသပ်လှပတာပေါ့။

ဒါပေမဲ့ ကိုယ်ဆိုးချင်တဲ့ဒီဇိုင်းကို ဆိုင်မသွားခင်မှာ ကြိုတင်ရွေးချယ်ထားဖို့လိုပါမယ်။ ဒါမှ ကိုယ့်အကြိုက်ဆုံးပုံလေးက ကိုယ့်ရဲ့လက်သည်းမှာ ကပ်နေမှာပဲဖြစ်ပါတယ်။ ဘယ်လိုပုံ ဆိုးရမလဲ ဝေခွဲမရဖြစ်နေတဲ့ပျိုမေလေးတွေအတွက် MyStyle Myanmar ကနေပြီးတော့ အလှပဆုံးပုံတွေကို ရွေးထုတ်ပေးထားပါတယ်။

ပျိုမေတို့အားလုံးအကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

Photo Source: Pinterest.com

By MyStyle Myanmar