တောင်ကိုးရီးယား နာမည်ကျော် အဆိုတော်နဲ့ မင်းသမီး Naeun ကိုတော့ Apink အဖွဲ့ဝင် အနေနဲ့အပြင် Music Video တွေမှာ ပါဝင်တတ်တဲ့ နတ်သမီးလေး၊ ခါး 21 လက်မပဲ ရှိတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် ပိုင်ရှင်အနေနဲ့လည်း သိထားကြမှာပါ။ သူမက လက်ရှိမှာ အဆိုတော်အပြင် သရုပ်ဆောင်အနေနဲ့ပါ အနုပညာ အလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။

Naeun က ခန္ဓာကိုယ်သွယ်သွယ်လေးနဲ့ ဝတ်သမျှက သူမနဲ့ လိုက်ဖက်နေတတ်ပါတယ်။ သူမက ရိုးရိုးရှင်းရှင်း ဖက်ရှင်ဝတ်ဆင်ပုံတွေနဲ့ ပိုလိုက်ဖက်တတ်ပါတယ်။ ဒီတော့ သူမရဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်-

Crop Top အဖြူကိုမှ အပြင်ထပ် ကုတ်အဖြူနဲ့ ရိုးရိုးရှင်းရှင်း တွဲဖက်ဝတ်ဆင်ထားတဲ့ သူမ

ပေါ့ပေါ့ပါးပါး အင်္ကျီလက်ပြတ်ကိုမှ ဂျင်းဘောင်းဘီနဲ့ တွဲဖက်တာက ရိုးရှင်းပြီး ကြည့်ကောင်းပါတယ်

ဂါဝန်အဖြူလေးတွေကလည်း ပူအိုက်တဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပါတယ်။

ရိုးရှင်းပေမယ့် Naeun ရဲ့ အလှနဲ့ တွဲဖက်လိုက်တဲ့အခါ ထူးခြားသွားတတ်ပါတယ်။

Style pants နဲ့အတူ အပေါ်ထပ် အင်္ကျီပေါ့ပေါ့ပါးပါးလေးနဲ့

ဂါဝန်အနက်လေးကလည်း သူမဝတ်လိုက်တဲ့အခါ ကျက်သရေရှိတာထက် ပိုပါတယ်။ ဒီဂါဝန်အနက်နဲ့အတူ တွဲဖက်သင့်တဲ့ အရောင်ကတော့ အသားရောင် အိတ်ပါ။

သင်က ရှပ်အင်္ကျီကို ဘယ်လိုတွဲဝတ်ရမလဲ မသိရင် Naeun ကို နမူနာယူသင့်ပါတယ်။

ဂါဝန်အတိုနဲ့ လူငယ်ဆန်ဆန် လှနေတဲ့ သူမ

အင်္ကျီအနက်နဲ့ ဘောင်းဘီအနက်က ထသွားထလာ စတိုင်ကျကျ လှချင်သူတွေနဲ့ လိုက်ဖက်ပါတယ်။

Tank Top အနက်ရောင်နဲ့ လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီရှည်စတိုင်

Street Style ကိုမှ ပန်းရောင်လွင်လွင်လေးနဲ့ Naeun က အထာကျနေပြန်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar