လူတွေ တော်တော်များများက အပြင်မှာ တကယ်မရှိတဲ့ သို့မဟုတ် မရှိသေးတဲ့ အရာတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေကို ပိုပြီးသဘောကျလေ့ရှိကြပါတယ်။တကယ်တော့ Hollywood ရုပ်ရှင်တွေတော်တော်များများမှာ မင်းသားက လေဝင်လေထွက် အပေါက်ကနေ တွားသွားတာ၊ ပေါက်ကွဲမှုကြီးကို နောက်ခံထားပြီး လမ်းလျှောက်ပြတာ တွေရိုက်ပြကြပါတယ်။

ဒါတွေက ဒါရိုက်တာတွေရဲ့စိတ်ကူးကို ပုံဖော်ထားကြတာပါ။ တကယ့်အမှန်တွေ မဟုတ်ပါဘူး။တကယ်အမှန် တွေကဘယ်လိုလဲဆိုတာ ဒီနေ့ပြောပြပေးသွားမှာပါ။

CCTV

ရုပ်ရှင်တွေထဲမှာ CCTV ထဲက ပုံတွေကို ချဲ့ကြည့်လိုက်ရင် လူတွေကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ CCTV တွေက ပုံရိပ်တွေကို လုံးဝကြည်လင်စွာမဖမ်းယူနိူင်ပါဘူး။ ပုံတွေကိုချဲ့ကြည့်လိုက်မယ်ဆိုရင် ဝါးသွားပါတယ်။

လေထွက်ပေါက်

ရုပ်ရှင်တွေထဲမှာ လေဝင်လေထွက်ပေါက်ကနေ လူတွေ တွားသွားလို့ရတယ်လို့ ရိုက်ပြထားပါတယ်။ တကယ်အပြင်မှာ လေဝင်လေထွက်ပေါက်တွေဟာ လူတယောက် ဝင်ဖို့အတွက် အရမ်းကျဉ်းလွန်းပါတယ်။

ဗုံးကွဲတာ

ရုပ်ရှင်တွေထဲမှာ ဗုံးတွေပေါက်ကွဲပြီဆိုရင် မီးတွေထတောက် တာကိုမြင်တွေ့ရမှာပါ။ တကယ်တော့ ဗုံးပေါက်ရင်မီးတွေ မတောက်ပါဘူး။ ဖန်တွေပစ္စည်းအကျိုးအပဲ့တွေပဲ မြင်ရတာပါ။

အသားစားငါး

Piranha (အသားစားငါး) တွေဟာ လူတယောကို စက္ကန့်ပိုင်းအတွင်း အရိုးတွေပဲကျန်အောင်စားသောက်တတ်တယ်လို့ ရုပ်ရှင်တွေထဲမှာ ရိုက်ပြထားပါတယ်။ တကယ့်အပြင်မှာတော့ Piranha (အသားစားငါး) တွေဟာ လူတွေကို ကြောက်တတ်ကြပြီးတော့ အရမ်းသတိကြီးတဲ့ငါးတွေပါ။ ယခုထက်ထိ Piranha ငါးတွေ တိုက်ခိုက်ခံရလို လူသေသွားတဲ့ဖြစ်ရပ်မျိုးမရှိသေးပါဘူး။

သဲဗွတ်အိုင်

လူတယောက်ဟာ သဲဗွတ် (နင်းမိလျှင်ကျွံသွားတတ်တော့ သဲ) ထဲမှာ အလွယ်တကူနစ်မြှပ်သွားတာကို ရုပ်ရှင်ထဲမှာ မြင်ရလေ့ရှိပါတယ်။ လက်တွေ့မှာတော့ သဲဗွတ်တွေဟာ အရမ်း သိပ်သည်း လွန်းတာကြောင့် ဘယ်လူ ဘယ်တိရိစ္ဆာန်မှာ နစ်မြှပ်မသွားနိူင်ပါဘူး။

လေယာဉ်ပျံ

လေယာဉ်ပျံ မှာ အပေါက်တပေါက်ဖြစ်သွားတာနဲ့ချက်ခြင်း ခရီးသည်တွေအကုန် လေနဲ့ စုပ်ယူခြင်းခံရတယ်လို့ ရုပ်ရှင်တွေအကုန်လုံးနီးပါးက ရိုက်ပြထားပါတယ်။ တကယ်တော့ လေယာဉ်နဲ့အပြင်လေထုကြားက လေဖိအားဟာ စက္ကန့်အနည်းငယ်လောက် တည်ငြိမ်နေတတ်ပါတယ်။ လေယာဉ်မှာ အပေါက် ဖြစ်သွားရင်တောင် အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေမှာပါ။

မီးတောင်ချော်ရည်

ရုပ်ရှင်ထဲမှာ လူတယောက်ဟာ မီးတောင်ချော်ရည်ထဲမှာ ခဏအတွင်း တကိုယ်လံးမှာနစ်မြှပ်သွားပါတယ်။ တကယ်တော့ မီးတောင်ချော်ရည်တွေက အရမ်းသိပ်သည်းလွန်းပါတယ် လူတကိုယ်လုံးနစ်မြှပ်သွားလေ့မရှိပါဘူး။

လေဆာ

ဘဏ်တွေ ပြတိုက်တွေထဲမှာထားတဲ့ အဖိုးတန်ပစ္စည်းတွေကို လေဆာတွေနဲ့ကာကွယ်ထားကြပါတယ်။ ရုပ်ရှင်တွေထဲမှာ လေဆာတွေကို မြင်ရပါတယ်။ တကယ့်လက်တွေ့အပြင်မှာတော့ ကာကွယ်ထားတဲ့ လေဆာတွေဟာ မမြင်ရပါဘူး။

ကျည်ဆန်မှန်တာ

ရုပ်ရှင်ထဲမှာ လူတယောက်ဟာ သေနတ်အပစ်ခံရရင် ချက်ခြင်းလဲကြသွားတာကို တွေ့ရတတ်ပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ သေနိုင်လောက်တဲ့ နေရာတွေမှာ သေနတ်မမှန်ဘူးဆိုရင် လူတယောက်က တော်တော်ဝေးဝေးရောက်တဲ့ထိပြေးနိုင်ပါသေးတယ်။

Source : Bright Side