အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကေ့စ်အသစ်တွေ မရှိသလောက်နည်းပါးသွားပြီ ဆိုပေမယ့် ဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးက အမြစ်ပြတ်ပျောက်ကွယ်သွားတာ မဟုတ်သေးတာကြောင့် ပြည်သူလူထုအနေနဲ့ မပေါ့ဆကြပဲ ကာကွယ်ဆေးမပေါ်သေးမီ အချိန်ကာလတစ်ခုအထိ နိုင်ငံတော်နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့က ချမှတ်ထားတဲ့ လိုက်နာသင့်တဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျကျင့်သုံးပြီး နေထိုင်သင့်ပါတယ်။ ဒီလိုပဲ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ အခြား ကျန်းမာရေးဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေ ကလည်း Covid 19 တိုက်ဖျက်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်လျော့မသွားပဲ ဆက်လက်ပြီး အရှိန်အဟုန်မြင့်မြင့်နဲ့ အစွမ်းရှိသလောက် ကြိုးပမ်းဆောင်ရွက် သွားနိုင်ဖို့ကလည်း အလွန်အရေးပါပါတယ်။

ဗီယက်နမ်အစိုးရ နှင့်အတူ Mytel မှ Covid 19 တိုက်ဖျက်ရေးကို ဆက်လက်အရှိန်အဟုန်မြင့်လုပ်ဆောင်နိုင်ရန် Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို တစ်တပ်တအားပါဝင်လှူဒါန်းဒီလို ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ရှေ့တန်းကနေကြိုးပမ်းလုပ်ဆောင်နေတဲ့ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာရှင်တွေရဲ့ အရေးပါပုံကို သဘောပေါက်ပြီး နောက်တန်းကနေ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ရှိနေဖို့ကလည်း အရေးကြီးတာကို သိထားတဲ့အတွက် Mytel က ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အစဉ်အမြဲ တစ်ထောင့်တစ်နေရာမှ တပ်အားသရွေ့ပါဝင်နေခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အော်ပရေတာ Mytel က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ဆေးသုတေသနဦးစီးဌာနက လုပ်ဆောင်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ငွေကြေးနဲ့ အခြားဆက်စပ်ပစ္စည်းများ လွှဲအပ်လှူဒါန်းမှု တစ်ရပ်ကို မကြာခင်ကပဲ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Mytel က ဒီလှူဒါန်းမှုပွဲမှာ ပါဝင်ရတဲ့အကြောင်းကတော့ အခုလို COVID-19 ဖြစ်ပွားနေတဲ့ ကာလမှာ မြန်မာနိုင်ငံကို တစ်ဖက်တစ်လမ်းက အားပေးကူညီရာလည်း ရောက်ပြီး အခုအချိန်ထိ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အရှိန်အဟုန်နဲ့ အောင်အောင်မြင်မြင် လုပ်နေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့ရဲ့ လုပ်ငန်းတွေကို တစ်တပ်တစ်အား ကူညီပံ့ပိုးပေးချင်လို့လည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီလှူဒါန်းပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကာကွယ်တားဆီးရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၅၀,၀၀၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို လှူဒါန်းခဲ့ပြီး Mytel ကလည်း အလှူငွေ ဒေါ်လာ ၅,၀၀၀ နဲ့ နှာခေါင်းစည်း ၃၀,၀၀၀ ခု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၀,၀၀၀ ခန့် ပါဝင်လှူဒါန်းခဲ့ပြီး The Bank of Investment and Development of Vietnam (BIDV) လှူဒါန်းတဲ့ ၂,၀၀၀,၀၀၀ ကျပ်တို့ကို Mytel ရဲ့ Chief Executive Officer, Mr.Hoang Trung Thanh ကတစ်ဆင့် ဆေးသုတေသနဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းကို လွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Mytel က ဒီမတိုင်ခင်ကတည်းက ကပ်ရောဂါဖြစ်ပွားနေစဉ် အချိန်တွေမှာ သုံးစွဲသူပြည်သူတွေ အဆင်ပြေစေဖို့နဲ့ တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးနိုင်ဖို့ ရည်ရွယ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ Mytel အနေနဲ့ ဒီလို လူမှုအကျိုးပြုကဏ္ဍတွေမှာသာမက နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့အပြင် အခုလို ပြည်သူလူထုအတွက် ခက်ခဲကြပ်တည်းပြီး လိုအပ်တဲ့အချိန်တွေမှာလည်း ကူညီနိုင်တဲ့ ကမ်းလက်တစ်စုံအဖြစ် သူတို့၏ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။