မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ Confirmed Case တွေ စတွေ့တဲ့အချိန် မတ်လကုန်လောက်ကနေစပြီး ရောဂါကို ပိုမို မပြန့်ပွားအောင် ဂရုတစိုက် ကာကွယ်နိုင်ဖို့အတွက် စာဖတ်ပရိတ်သတ်ကြီးတို့ အပါအဝင် အားလုံးလည်း အိမ်မှာနေပြီး ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့ကြတာ အခုဆိုရင် လအနည်းအငယ် ကြာမြင့်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကေ့စ်အသစ်တွေထပ်တွေ့တာမျိုးမရှိသလောက် နည်းသွားပြီဖြစ်ပေမယ့်လည်း ဒီရောဂါကြီးက လုံးဝအမြစ်ပျက် ပျောက်ကင်းသွားတာမျိုး မဟုတ်သေးတာကြောင့် ကော်ပိုရေးရှင်းတွေနဲ့ အဖွဲ့အစည်းတွေက လှူဒါန်းမှုတွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ပြီး ပြည်သူလူထုအတွက် တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီလျက်ရှိကြပါတယ်။ ဒီလို ပံ့ပိုးကူညီနေကြတဲ့ အဖွဲ့အစည်းတွေထဲမှာမှ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအော်ပရေတာ တစ်ခုဖြစ်တဲ့ Mytel ကလည်း သုံးစွဲသူ ပြည်သူတွေအတွက်ရော၊ ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော၊ Covid-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး ကော်မတီအတွက်ကိုရော ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားတဲ့အချိန်ထဲက လှူဒါန်းမှုတွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေ၊ အစီအစဉ်လုပ်ဆောင်ချက်တွေ များစွာ ပြုလုပ်ပေးခဲ့ပြီး Covid-19 ရောဂါ အားလုံးနဲ့ အတူတိုက်ထုတ်ခဲ့တဲ့ အော်ပရေတာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဒီလုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့ စာဖတ်ပရိတ်သတ်ကြီးအတွက် အိမ်မှာနေနေရတဲ့ အချိန်တွေကို အပျင်းလည်းပြေ၊ စိတ်လှုပ်ရှားဖို့လည်းကောင်းပြီး ရွှေဆုကြီးတွေပါရနိုင်မယ့် ဂိမ်းတစ်ခုအကြောင်း ဖော်ပြမိတ်ဆက်ပေးချင်ပါတယ်။

ဟုတ်ပါတယ်… ဒါကတော့ “Fight COVID-19 Together” ဆိုတဲ့ Mytel ရဲ့ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်ပဲဖြစ်ပါတယ်။ ဒီဂိမ်းကိုဆော့ရင်း ကံထူးခဲ့ရင် ဆုကြီးဖြစ်တဲ့ ရွှေ ၂၂ ကျပ်သားကို ပိုင်ဆိုင်နိုင်မှာပါ။ ပရိုမိုးရှင်းကာလကိုတော့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လကုန်ထိ သက်တမ်းတိုးထားတာဖြစ်ပြီး ဂိမ်းဆော့မယ့် သူတွေအနေနဲ့ ရွှေ ၂၂ ကျပ်သားကို ကံစမ်းနိုင်ဖို့ ဂိမ်းထဲမှာ I-L-O-V-E-M-Y-T-E-L ဆိုတဲ့ စာလုံးတွေကို အောင်မြင်စွာ စုဆောင်းရမှာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီ “Fight COVID-19 Together” မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်ရဲ့ ရွှေ ၂၂ ကျပ်သားကံထူးရှင် သုံးယောက်ပေါ်ထွက်ခဲ့လာခဲ့ပြီးပါပြီ။ ပထမကံထူးရှင်နဲ့ ဒုတိယကံထူးရှင်တွေကတော့ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှ ဖြစ်ပြီးတော့ တတိယကံထူးရှင်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိင်လမ်မြို့မှ ဖြစ်ပါတယ်။ ဆုကြီးအနေနဲ့ ကံထူးရှင်လေးဦးရွေးချယ်သွားမှာဖြစ်လို့ အခုအခါ နောက်ဆုံးကံထူးရှင်ဖြစ်နိုင်မယ့် အခွင့်အရေးတစ်ခုသာ ကျန်ရှိပါတော့တယ်။

ဒီဆုကြီးလေးဆုအပြင် နောက်ထပ်လည်း ဆုတွေအနေနဲ့ ငွေကျပ် ၂၂၂,၂၂၂ အပြင် နေ့စဉ် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်တွေသာမက အပတ်စဉ် MytelPay e-money ဆုတွေကို ရရှိနိုင်မယ့် ဂိမ်းအစီအစဉ်ဖြစ်ပါတယ်။ Mytel သုံးစွဲသူအားလုံး ဒီအစီအစဉ်မှာ ပါဝင်နိုင်မှာဖြစ်ပြီး USSD၊ SMS၊ MyID နဲ့ MytelPay အက်ပလီကေးရှင်းတွေကတစ်ဆင့် ပတ်ကေချ့်တွေ ဝယ်ယူပြီး ကစားနိုင်မှာဖြစ်သလို MytelPay ကနေတစ်ဆင့် ဖုန်းငွေဖြည့်တာ ဒါမှမဟုတ် ငွေလွှဲပြီး ဒီဂိမ်းကို ဝင်ရောက်ကစားနိုင်မှာပါ။ MyID ထဲမှာပါတဲ့ ဒီ “Fight Covid-19 Together” ဂိမ်းမှာ ဝင်ရောက် ကစားနိုင်မယ့်ကစားခွင့်ကို ပတ်ကေချ့်နဲ့ ငွေလွှဲတာတွေ ပြုလုပ်တိုင်းမှာ ရရှိမှာဖြစ်ပြီးတော့ ဝယ်ယူတဲ့ ပတ်ကေချ့်နဲ့ ငွေလွှဲတဲ့ပမာဏပေါ်မူတည်ပြီး ကစားခွင့် “အကြိမ်” ကိုရရှိနိုင်မှာပါ။ ဒီလို ကစားခွင့်ရပြီးပြီဆိုရင် ဆုတွေရရှိဖို့ MyID အက်ပလီကေးရှင်းမှာ ဂိမ်းဝင်ဆော့ရုံပါပဲ။

အခု ရွှေ ၂၂ ကျပ်သားကံထူးရှင် သုံးယောက်လည်း ထွက်ပေါ်လာခဲ့ပြီးပြီဆိုတော့ ရွှေ ၂၂ကျပ်သားကံထူးရှင် နောက်တစ်ယောက်ပဲ ကျန်တော့မှာဖြစ်တဲ့အတွက် အခြားသူတွေမရခင် အခုပဲ MyID အပ်ပလီကေးရှင်းကို bit.ly/MyIDApp ကနေ ဒေါင်းပြီး စာဖတ်ပရိတ်သတ်ကြီးတို့လည်း stay home တဲ့အချိန်တွေမှာ ငြီးငွေ့မနေရပဲ အပျင်းပြေဂိမ်းတွေဆော့ပြီး ဆုတွေကို အရယူနိုင်အောင် အခုလိုဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။