နည်းပညာတိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ နေ့စဉ်ဘဝလုပ်ဆောင်မှုတွေ လွယ်ကူစေဖို့၊ အချိန်ကုန်သက်သာစေဖို့ အပြင် တစ်နေ့တာအမောတွေဖြေဖျောက်ပြီး မိမိစိတ်ဝင်စားတာတွေကို လုပ်နိုင်စေဖို့ ထောက်ပံ့ကူညီပေးမယ့် အက်ပလီကေးရှင်းတွေ၊ ဝန်ဆောင်မှုတွေဟာ ရွေးချယ်လို့ မကုန်နိုင်လောက်အောင်များပြားလှပါတယ်။ အဲ့ဒီရဲ့ နောက်ကွယ်မှာ ကောင်းကွက်၊ ဆိုးကွက်တွေလည်း အသီးသီးရှိနေပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ ဝန်ဆောင်မှုကို ဖုန်းကနေလွယ်လင့်တကူသုံးနိုင်တယ်ဆိုပေမဲ့လည်း အဲ့ဒီဝန်ဆောင်မှုတွေကို အချိန်မရွေး အသုံးပြုနိုင်ဖို့ ကိုယ့်ဖုန်းထဲမှာ App အစုံသွင်းထားရလို့ နေရာစားပြီး ဖုန်းလေးတာမျိုးလို ပြဿနာလေးတွေလည်းရှိနေပါတယ်။ အခုဆို ဒီပြဿနာနည်းသွားအောင်ဆိုပြီး ဝန်ဆောင်မှုအများကြီးကို app တစ်ခုတည်း မှာ အသုံးပြုနိုင်အောင် ပြုလုပ်ထားတဲ့ app တွေလည်း မြန်မာနိုင်ငံမှာ ရှိနေပါပြီ။။ ဒီလို app တွေက feature စုံတဲ့အပြင် interactive ပိုဖြစ်တဲ့အတွက် ကိုယ့်ပတ်ဝန်းကျင် ကိုယ့် community ကလူတွေနဲ့ ပိုမို ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ ဒီတော့ ဒီနေ့မှာ App တစ်ခုထဲမှာတင် feature တော်တော်များများ ရနိုင်လို့ရော interactive ပိုလုပ်နိုင်လို့ရော လူကြိုက်များနေတဲ့ app ၃ ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

၁ – Grab

ပထမဆုံး ပြောပြချင်တဲ့ App ကတော့ Grab ပါ။ Grab ကို အရင်က အပြင်သွားလို့ Taxi ငှားမယ်ဆို သုံးဖို့အတွက်ပဲ လူသိထားပေမဲ့ အခုမှာတော့ ဝန်ဆောင်မှုအသစ်တွေအတွက် Feature အသစ်တွေ ထပ်ထည့်လာတာတွေ့ရပါတယ်။ အခုဆို Taxi အပြင် Mart ရယ် Food ရယ် Hotel ရယ်ဆိုပြီး အသစ်တွေရှိလာပါပြီ။ Grab Food ကတော့ Delivery App လိုပဲ သုံးနိုင်ပြီး ခုနောက်ပိုင်း သူ့မှာလည်း ရွေးချယ်စရာ ဆိုင်တွေတော်တော်များလာပါပြီ။ Grab Mart ကတော့ ဈေးဆိုင်တွေကနေ အသားတွေ အသီးအရွက်တွေ အစားသောက်တွေ ဆေးတွေကို အပြင်ထွက်ဝယ်စရာမလိုပဲ အိမ်ကနေမှာလို့ရမယ့် ဝန်ဆောင်မှုပါ။ ဒီနှစ်ခုကတော့ Covid 19 ကြောင့် ထိတွေ့မှုတွေလျော့ချဖို့လို့အပ်တဲ့ အခုလို အချိန်မှာ အသုံးတည့်မှာပါ။ နောက်ဆုံးတစ်ခုကတော့ Hotel ဆိုတဲ့ feature ဖြစ်ပြီးတော့ Hotel Booking App ကို သွားစရာမလိုပဲ အဲ့ထဲကနေပဲ တစ်ခါတည်း Booking တန်းလုပ်လို့ရမှာပါ။ ဒီလို တစ်နေရာထဲမှာ အသုံးဝင်တဲ့ ဝန်ဆောင်မှုတွေကို စုထားတဲ့ Grab App ကို သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။

၂ – Tik Tok

Tik Tok ဆိုတဲ့ Platform ကတော့ all-in-one app ဆိုတာထက် လူတွေရဲ့ တီထွင်နိုင်စွမ်းကို အလေးပေးရုံမကပဲ တစ်နေ့တာအမောတွေဖြေဖျောက်ဖို့ အသုံးဝင်တဲ့ App တစ်ခုလို့ဆိုနိုင်ပါတယ်။ လတ်တလော နာမည်ကြီးနေတဲ့ သီချင်းတွေကို နောက်ခံသီချင်းလုပ်ပြီး Dance Cover လုပ်တာမျိုးတွေက စပြီး ကိုယ်ကိုယ်တိုင် ဟာသ ဗီဒီယို ဖန်တီးတာမျိုးတွေ အထိ ပြုလုပ်နိုင်ပါတယ်။ ကိုယ်ရဲ့ တီထွင်မှုကို ကြိုက်တဲ့သူတွေကလည်း ကိုယ်လိုမျိုးလိုက် သရုပ်ဆောင်တာပဲဖြစ်ဖြစ် ကိုယ်နဲ့အတူလိုက် သရုပ်ဆောင်ပြီး အခွီဟာသတွေ ဖန်တီးလို့ရပါတယ်။ အခုဆိုရင် ပြည်သူချစ်တဲ့ အနုပညာရှင်တွေကပါ Tik Tok ကစားနေပါပြီဆိုတော့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကိုလည်း ကြည့်နိုင်မှာပါ။ သုံးကြည့်ဖူးတဲ့သူတွေက Tik Tok ဗီဒီယိုတွေကို ကြိုက်ကြတဲ့

အကြောင်းအရင်းကတော့ Tik Tok မှာ နောက်ဆုံးလူကြိုက်များနေတဲ့ သီချင်းတွေ Music Videoတွေ ဟာသဗီဒီယိုတွေ အပြင် stunt ဗီဒီယို အလှပြ ဗီဒီယိုတွေရယ် how-to ဗီဒီယိုဖြစ်တဲ့ မုန့်လုပ်နည်းတွေ ပုံဆွဲနည်းတွေ အင်္ဂလိပ်စာ စကားပြောနည်း ဗီဒီယိုတွေကို စက္ကန့်ပိုင်းအတွင်း လေ့လာနိုင်တာဖြစ်လို့ သဘောကျကြတာပါ။ သီချင်းဆိုတာကြိုက်တဲ့သူ အကနှစ်သက်သူ သရုပ်ဆောင် ဝါဿနာပါသူတွေ စတဲ့စတဲ့ အကြိုက်ချင်းမတူကြတဲ့ လူမျိူးစုံ အတွက် အသင့်တော်ဆုံး Application တစ်ခုဖြစ်တဲ့အတွက် စမ်းသုံးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်။

၃ – MyID Digital Hub

နောက်ဆုံး App ကတော့ အစုံဆုံး နဲ့ ဝန်ဆောင်မှု အများဆုံး App လို့ပြောလို့ရတဲ့ MyID Application ပဲဖြစ်ပါတယ်။ သူ့ထဲမှာ ပါတာတွေက များလွန်းတော့ လတ်တလော ခေတ်စားတာတွေနဲ့ လူကြိုက်များတဲ့ Feature တွေ ပြောပြသွားပါမယ်။ အရင်ဆုံး ဂိမ်းဆော့ရတာ ကြိုက်သူတွေအတွက် ဂိမ်းနှစ်ခု အကြောင်းပြောပြပေးမယ်။ ပထမတစ်ခု Fight Covid-19 ဂိမ်းကတော့ Covid-19 ပိုးကောင်းလေးကို ထိအောင်ပစ်ပြီး စာလုံးလေးတွေ စုပြီး ရွှေ ၂၂ ကျပ်သား ကံစမ်းနိုင်မှာပါ။ နောက်တစ်ခု Elofun Game ဆိုတာကတော့ mini games ကြိုက်တဲ့သူတွေအတွက် ဂိမ်းတစ်ခုခြင်း down ပြီးဆော့မစရာ မလိုတော့ဘဲ ဂိမ်း ၅ မျိုးလုံးကို တစ်နေရာထဲမှာ ဆော့ပြီး Leaderboard ထိပ်ဆုံးရောက်ခဲ့ရင် emoney ဆုတွေရနိုင်မှာဖြစ်ပါတယ်။ ဆော့ရတာလွယ်ကူပေမဲ့ ခုဆိုဆော့တဲ့သူတွေ တော်တော်တောင်များနေလို့ ထိပ်ရောက်ဖို့တော့ ရှယ်ကြိုးစား ရမှာပါ။

ရုပ်ရှင်သမားတွေ အတွက်လည်း VIU ထဲက ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို MyID ထဲကနေပဲ အခမဲ့ ကြည့်ရှုနိုင်ဆိုတော့ အဆင်ကို ပြေနေရောပဲ။ VIU ရဲ့ Premium User လိုမျိုး ကြိုက်တဲ့ ဇာတ်ကားကို ကြည့်လို့ရမှာပါ။ ရုပ်ရှင်မှ မဟုတ်ဘူး Music Video တွေ ဟာသအတိုတွေ Game Live Streaming တွေကို ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ကိုလည်း Video ဆိုတဲ့ tab ထဲမှာ ကဏ္ဍစုံစုံလင်လင် ကြည့်နိုင်ပါတယ်။ ဟော် သီချင်းဆိုလည်း ရှိပြီးသားပဲ ဒါပေမဲ့ ပိုထူးခြားတာက သီချင်းကို တစ်ယောက်ထဲမဟုတ်ပဲ အွန်လိုင်းပေါ်က မိတ်ဆွေတွေနဲ့အတူ နားထောင်လို့ရမယ့် Stranger ဆိုတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုမှာဆို ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့သူတွေနဲ့ MyID ကနေတစ်ဆင့် မိတ်ဆွေဖွဲ့လို့ရတာပေါ့။ အင်း ဒီကတစ်ဆင့် စကားပြောမယ်ဆိုရင်လည်း Message ပို့လို့ရသလို ဖုန်းခေါ်မယ်ဆိုရင်လည်း Call Out Feautre နဲ့ မိနစ် ၆၀ free ခေါ်ဆိုနိုင်ပါတယ်။ အလုပ်ရှာနေတဲ့သူတွေအတွက်လည်း MyJob နဲ့ချိတ်ထားတဲ့အတွက် click တစ်ချက်နှိပ်ပြီး ကိုယ်နဲ့ကိုက်ညီမဲ့အလုပ်ကိုရှာပြီးလျှောက်လိုက်ရုံပါပဲ။ Covid-19 က အပြီးတိုင် မပျောက်သေးဘူးဆိုတော့ Covid-19 နဲ့ ပတ်သက်သမျှ နိုင်ငံတော်ရဲ့ ထုတ်ပြန်ချက်တွေ၊ နောက်ဆုံးရသတင်းတွေကို ပါ MyID ကတစ်ဆင့် ဖတ်နိုင်သေးတယ်ဗျာ။

ဒီ App က Mytel ကထုတ်ထားတာဆိုပေမဲ့ Mytel SIM card မသုံးတဲ့သူတွေလည်း သုံးလို့အောင် ပြုလုပ်ပေးထားတဲ့အတွက် မည်သူမဆို App Store (or) Google Store ကနေ download လုပ်ပြီး သုံးနိုင်မှာဖြစ်ပါတယ်။ ဒီထက်စုံတဲ့ App တောင် MyID App လောက်စုံမှာမဟုတ်ဘူး။ Music, video,
movie, game, social, call and chat, job alert, Covid news အကုန်ကို စုံတဲ့အတွက်ကြောင့် မဖြစ်မနေ တစ်ခါလောက်ဖြစ်ဖြစ် စမ်းသုံးကြည့်ဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။