ဘဝမှာ မိန်းကလေး အများစု ဖြစ်ချင်တဲ့ အိပ်မက်တွေထဲက တစ်ခုကတော့ မင်္ဂလာဝတ်စုံကို ဝတ်ကြည့်ချင်တာပါ။ အိမ်ထောင်ပြုဖို့ မရည်မှန်းထားရင်တောင် မင်္ဂလာဝတ်စုံကိုတော့ ဝတ်ဖူးချင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သတို့သမီး မင်္ဂလာဝတ်စုံ မဟုတ်ဘဲ မင်္ဂလာပွဲကို တက်ရောက် ဂုဏ်ပြုနိုင်မယ့် မြန်မာဝတ်စုံ ပုံစံတွေကို ဖော်ပြပါရစေ။
သင်က မင်္ဂလာဝတ်စုံ မဝတ်နိုင်သေးရင်တောင် သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲမှာ လှလှလေး ဝတ်နိုင်တာ ပျော်စရာ တစ်ခုပါပဲ။ သင့် မင်္ဂလာပွဲ မရောက်လာဘူး လို့လည်း ပြောမရပါဘူး။ အခုတော့ တခြားသူတွေရဲ့ မင်္ဂလာပွဲကို အရင် တက်နိုင်ဖို့ မြန်မာ ဝတ်စုံ လှလှလေးတွေကို ဖော်ပြပါရစေ။
မြန်မာမိန်းကလေး အများစုရဲ့ ထူးခြားတဲ့ ပါရမီ တစ်ခုကတော့ မြန်မာဝတ်စုံကို သူတို့ စတိုင်နဲ့ လိုက်အောင် ပုံဖော်တတ်တာပါ။
ဒါ့အပြင် တစ်နှစ်နဲ့ တစ်နှစ် မိန်းကလေးတွေရဲ့ မြန်မာ ဝတ်စုံ ဖက်ရှင်တွေက ပိုထူးခြားလို့ လာပါတယ်။
သင်က မင်္ဂလာပွဲတက်ဖို့ စဉ်းစားထားသူဆိုရင် အင်တာနက်ပေါ်က မြန်မာဝတ်စုံဖက်ရှင်တွေကို ရှာဖူးမှာပါ။ ဒီလိုပဲ ဝတ်စုံဒီဇိုင်းတွေထဲက သင်သဘောကျတဲ့ ပုံစံလေးတွေကို သင့်မြန်မာ ဝတ်စုံထဲ ထည့်သွင်းဖူးမှာပါ။
ဒီတစ်ခေါက်တော့ သင် သီးသန့်လိုက်ရှာစရာ မလိုအောင် Pinterest က ကျက်သရေရှိတဲ့ မြန်မာမိန်းကလေးတွေရဲ့ လှတာထက် ပိုတဲ့ မြန်မာဝတ်စုံတွေကို နမူနာ ယူနိုင်အောင် ဖော်ပြထားပါတယ်။
သင်က ဖက်ရှင်တွေကို လိုက်ကြည့်ရင်း မြန်မာဝတ်စုံတွေက ဘယ်လောက်ထိ တီထွင်နိုင်စွမ်းအား ကောင်းလာလဲ မြင်နိုင်မှာပါ။
သင် အကြိုက်ဆုံး မြန်မာဝတ်စုံ ပုံစံလေးက ဘယ်ပုံစံလဲ ပြောပြခဲ့ပါဦး။ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်ကိုကော တက်ဖို့ အစီအစဉ်ရှိလား ပြောပြခဲ့ပါဦး။
Photo source from Pinterest. We don’t own these photos.
Photos credit to original uploaders