မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်အတို၊ ဂုတ်ဝဲကေလေးတွေက လူငယ်ဆန်သလို မျက်နှာလေးထင်းပြီး ရုပ်နုသွားစေတာမို့ အခုနောက်ပိုင်း တော်တော်များများ ညှပ်လာကြပါတယ်နော်။ ဆံပင်အတိုက အရှည်ထက်စာရင် ပုံသွင်းရ မခက်သလို ပေ့ါပေါ့ပါးပါးဖြစ်တာမို့ ရာသီမရွေး အဆင်ပြေပါတယ်။ ကိုယ်က ဆံပင်တိုညှပ်ထားတဲ့သူဆိုရင် အမြဲဆံပင်ချထားတာထက် မျက်နှာကျနဲ့လိုက်အောင် ပုံသွင်းပြီး Hairstyle လေးတွေပြောင်းပေးတာက ဆံပင်စတိုင်လေးကို ပိုပြီးပေါ်လွင်စေမှာပါ။ ဒါကြောင့်မို့ ဆံပင်အတိုညှပ်ထားတဲ့သူတွေ Try ကြည့်နိုင်မယ့် ခေတ်ဆန်ဆန် Hairstyle လေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။

ရှေ့ဆံမြိတ်ညှပ်ပြီး အောက်ဖျားအကွေး ပုံသွင်းပါ


ရှေ့ဆံမြိတ်ထားတဲ့သူတွေဆိုရင် အောက်ဖျားကို အတိထားတာထက် အထပ်ကေညှပ်ပြီး အောက်ဖျားကို ခပ်ကွေးကွေး ပုံသွင်းပေးတာက သင့်မျက်နှာလေး ပိုသွယ်သွားသလိုမြင်ရပါတယ်။

Highlights အရောင်လင်းလေးတွေ ဆိုးကြည့်ပါ

ဆံပင်အတိုမှာ Highlights ဖောက်တာက အရောင်ပိုမြင်ရတာမို့ မျက်နှာပိုထင်းပြီး မျက်နှာကျလေးလည်း ပေါ်ပါတယ်နော်။

ကလစ်၊ ဘီးကုပ် စတဲ့ Hair Accessories လေးတွေ တပ်ကြည့်ပါ

ဆံပင်အတိုက ကလစ်သေးသေးလေးတွေနဲ့ အရမ်းလိုက်ပါတယ်နော်။ ရှေ့ဆံမြိတ်လေးချပြီး ကလစ်အသေးလေးတွေ၊ ဘီးကုပ်လေးတွေ တပ်ပြီးပြင်ကြည့်ပါ။

ကျစ်ဆံမြီးစတိုင်လေး လုပ်ကြည့်ပါ

ကျစ်ဆံမြီးကျစ်တာက မိန်းကလေးတိုင်းနဲ့လိုက်ပြီး ချစ်စရာကောင်းပါတယ်နော်။ ကျစ်ဆံမြီးက Hairstyle အမျိူးမျိုးနဲ့လိုက်သလို လွယ်လွယ်ကူကူ ကျစ်ဆံမြီးလေးတစ်ပင် ထည့်ကျစ်လိုက်တာက ပုံမှန်ဆံပင်စည်းတာထက် ပိုထင်းပြီး ပြင်ပြင်ဆင်ဆင်လေး ဖြစ်သွားစေမှာပါ။ Hair Accessories လေးတွေနဲ့ တွဲကျစ်မယ်ဆိုလည်း အရမ်းလှပါတယ်။

ဦးထုပ်လေးတွေနဲ့လည်း ချစ်စရာကောင်းပါတယ်

ဆံပင်အတို ဘေးအဖောင်းလေးတွေက ဦးထုပ်ဆောင်းလို့လည်း လှပါတယ်နော်။ အထူးသဖြင့် အခုခေတ်စားနေတဲ့ Beanie ဦးထုပ်လေးတွေက ဆံပင်တိုမိန်းကလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ချစ်စရာဦးထုပ်လေးဆောင်းလိုက်တဲ့ခါ ထွေထွေထူးထူး ပြင်စရာမလိုဘဲ လှနေမှာပါ။

Half Up Pigtails လေးတွေ စည်းပေးနိုင်ပါတယ်

ဘေးနှစ်ဖက် တစ်ဝက်စည်းစတိုင်လေးကလည်း ကလေးဆန်တာမို့ ဆယ်ကျော်သက်ကောင်မလေးတွေ လိုက်စည်းဖို့ ကွက်တိပါပဲ။ ဘေးနှစ်ဖက် ဆံသားနည်းနည်းယူပြီး အမြင့် စည်းလိုက်ရုံပဲမို့ အလွယ်တကူ အချိန်သိပ်မပေးရတဲ့ Hairstyle လေးပါ။

ဘေးနှစ်ဖက် ဆံထုံးအသေးလေးတွေထုံးကြည့်ပါ

ဆံပင်အတိုကောင်မလေးတွေက ဆံထုံးကိုမှ ဘေးနှစ်ဖက် ကပ်ထုံးထားတဲ့ လုံးလုံးသေးသေး စတိုင်လေးနဲ့ ပိုလိုက်ပါတယ်နော်။ သင့်ကို အရုပ်ကလေးလို ချစ်စရာကောင်းစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar