မင်္ဂလာပါ… ပျိုမဒီတို့ရေ…. အညိုရင့်ရောင်မျက်လုံးပိုင်ရှင်များအတွက် မျက်ကပ်မှန်တပ်မယ်ဆိုရင် မှန်ကန်တဲ့အရောင်ရွေးချယ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုလိုပါပဲနော်။ ဈေးကွက်ထဲမှာ ရွေးချယ်စရာ ရောင်စုံ မျက်ကပ်မှန်တွေ အများကြီးရှိပေမယ့် အညိုရောင်မျက်လုံးပိုင်ရှင်များအတွက် သဘာဝအဆန်ဆုံး အရောင် ရနိုင်ဖို့က သေချာရွေးဖို့လိုပါတယ်နော်။

အညိုရောင်မျက်လုံးပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး မျက်ကပ်မှန်အရောင်တွေ ဘာအရောင်တွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင် …

Solotica Hidrocor Jade

အညိုရင့်ရောင်မျက်လုံးတွေကို အပြည့်အဝဖုံးလွှမ်းနိုင်တဲ့ သဘာဝအစိမ်းရင့်ရောင်က အညိုရင့်ရောင်မျက်လုံးများအပါအဝင် ဘယ်မျက်လုံးအရောင်ကိုမဆို သဘာဝဆန်မှုကို မြှင့်တင်ပေးပြီး သဘာဝအတိုင်း ပြီးပြည့်စုံတဲ့ အလှအဖြစ် ချက်ချင်း ပြောင်းလဲနိုင်ပါတယ်။

Anesthesia Addict Blue

လူကြိုက်အများဆုံး အပြာရောင်မျက်ကပ်မှန်များထဲမှ တစ်ခုဖြစ်တဲ့ Anesthesia Addict Blue လေးက အညိုရင့်ရောင်မျက်လုံးတွေကို မယုံနိုင်လောက်အောင် သဘာဝအတိုင်းဖြစ်စေတဲ့ အပြာရောင်လေးပါ။

Bella Elite Sandy Brown

သဘာဝအညိုရောင်မျက်လုံးကို သိမ်မွေ့တဲ့ပြောင်းလဲမှုလေး ဖြစ်တာလိုချင်ရင် အညိုနုရောင်လေးကိုသာ ရွေးချယ်လိုက်ပါ။

Solotica Natural Colors Agata

အညိုရောင်ရင့်ရင့် မျက်ကပ်မှန်လေးကတော့ သဘာဝအညိုရောင်လေးကိုဘဲ ကြိုက်တဲ့လူတွေအတွက်တော့ အသင့်တော်ဆုံးပါ။

Air Optix Colors Gray

Rare Beauty တည်ထောင်သူ Selena Gomes ဟာ ဟောလိဝုဒ် ကော်ဇောနီပွဲတစ်ခုမှာ ဝတ်ခဲ့တာက သဘာဝမျက်လုံးအရောင်ကို အတုခိုးထားတဲ့ Grey အရောင်ပါ။

Solotica Aquarella Sienna Brown

Solotica Sienna Brown လေးက အညိုရင့်ရောင်မျက်လုံးများကို ပျော့ပျောင်းစေပြီး သဘာဝအတိုင်း အညိုနုရောင်မျက်လုံးများကို တောက်ပစေတာကြောင့် ဈေးကွက်ထဲမှာ အရောင်းရဆုံး အရောင်ဖြစ်နေပါတယ်။

Anesthesia Addict Lolite

အစိမ်းရောင် အရိပ်အမြွက်များ ပါတဲ့ စကျင်ကျောက်ရောင်ကို ကြုက်ရင်တော့ Anesthesia Addict Lolite ကိုသာ ရွေးလိုက်ပါ။ အနက်ရောင် သို့မဟုတ် အညိုဖျော့မျက်လုံးများ အပါအဝင် ဘယ်လိုအသားအရေနဲ့ မဆို မျက်လုံးအရောင် တိုင်းအတွက် သင့်လျော်တာကြောင့် လှပတဲ့မျက်လုံးများကို ချက်ချင်း ပိုင်ဆိုင်နိုင်ပါပြီ။