အရပ်လည်း ပုတယ် ၊ လူက ခပ်ဖိုင့်ဖိုင့်ဆိုရင် အဝတ်အစား ဆင်ရတာလည်း ပိုပြီး ဂရုစိုက်ပေးရပါတယ်။ ပုံမှန်အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိသူတွေအနေနဲ့ အရောင်မရွေး ၊ အဆင်မရွေး ဝတ်လို့ ရပေမယ့် အရပ်ပုပြီး ကိုယ်အလေးချိန်မြင့်နေတဲ့ လူတစ်ယောက်အဖို့တော့ အဝတ်အစား ဝတ်တော့မယ်ဆိုရင် အခုပြောမယ့်စည်းကမ်းလေးတွေ လိုက်နာပေးဖို့ လိုမှာပါ။

(၁) Baggy ဖက်ရှင်တွေ မဝတ်ပါနဲ့

Photo: Pinterest

ပွယောင်းယောင်းဖက်ရှင်ဟာ လူရဲ့အရွယ်အစားကို ပိုပြီး ကြီးသယောင်ပုံပေါက်စေသလို ကြည့်ရလည်း ဆိုးစေပါတယ်။ အရပ်ပုတဲ့သူတွေအနေနဲ့ ခပ်ပွပွဘောင်းဘီ ၊ အင်္ကျီတွေ ဝတ်မယ်ဆိုရင် လူပါ ပိုပုသွားစေနိုင်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် ပိန်သွယ်တဲ့ပုံ ပေါက်စေဖို့ အဝတ်အစားကို Fitting ကျတာပဲ ရွေးချယ်သင့်ပါတယ်။

(၂) ဘောင်းဘီ ၊ အင်္ကျီနည်းနည်း တိုပါစေ

Photo: Urban Men Outfits

ဘောင်းဘီဆို ဖိနောင့်အောက်ရောက်နေတာာမျိုး ၊ အင်္ကျီလက်ဆို လက်ခုံထိနေအောင် ရှည်တာမျိုး ဝတ်ခြင်းက အချိုးမကျတဲ့ ဝတ်စားမှု ဖြစ်လို့ ရှောင်ရှားသင့်ပါတယ်။ အရပ်ခပ်ပြတ်ပြတ်လူတစ်ယောက်အဖို့ အသင့်ချုပ်တွေ ဝတ်မယ့်အစား ကိုယ်တိုင်းနဲ့ ဆိုင်မှာ အပ်ပြီး ချုပ်တဲ့ ချုပ်ထည်မျိုးတွေ ဝတ်တာမျိုးက ပိုပြီး အဆင်ပြေပါလိမ့်မယ်။

(၃) အရောင်ရင့် ဗြောင်ကာလာတွေ ဝတ်ပါ

Photo: Esquire

အရောင်ရင့်ရင့်ကာလာတွေဟာ ကိုယ်လုံးအနားလိုင်းတွေကို ပိုကျစ်လျစ်တယ်လို့ ထင်စေရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဝလာတယ်လို့ ထင်ရင် နက်ပြာရင့်နဲ့ အနက်လို ကာလာတွေ များများ ဝတ်ပါ။ နောက်တစ်ခုက Block ကာလာတွဲတွေ ဖြစ်တဲ့ အပေါ်က ကာလာဖျော့နဲ့အောက်မှာ ကာလာရင့်ရင့် တြွဝတ်မယ်ဆိုရင် လူလည်း အရပ်ရှည်သယောင်ထင်ရပြီး ပိုလည်း သွယ်လျလာတယ်လို့ ထင်ရမှာပါ။

(၄) ကန့်လန့်စင်းတွေရှောင်ပါ

Photo: urbanmenoutfits

ကန့်လန့်စင်း Horizontal Lines ဖက်ရှင်တွေက လူကို ဝတဲ့ပုံပေါက်စေမှာပါ။ ကန့်လန့်စင်းတွေက တင်ပါးနဲ့ ဗိုက်နေရာကို ပိုပြီး ကြီးလာတယ်လို့ မျက်စိကို လှည့်စားနိုင်လို့ ဖြစ်ပါတယ်။ ထောင်လိုက်စင်းမျိုးက လူကို ပိုသွယ်သယောင်ထင်စေနိုင်ပါတယ်။