တချို့မိန်းကလေးတွေကျတော့လည်း အရင်ကမိတ်ကပ်ပြင်ဖို့စိတ်မဝင်စားပဲ အခုနောက်ပိုင်းမှ ပြင်ချင်လာကြတာတွေရှိပါတယ်။ တချို့ကျတော့လည်း မိတ်ကပ်ကိုသိပ်မပြင်တတ်လို့ အခုမှစပြင်ကြည့်မှာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလှပြင်တော့မယ်ဆိုရင် မိတ်ကပ်ပစ္စည်းတွေကတော့ စုံစုံလင်လင်ရှိနေမှဖြစ်မှာပါ။ ဒါကြောင့် အခုမှမိတ်ကပ်စပြင်မယ့်မိန်းကလေးတစ်ယောက်မှာ ရှိထားဖို့လိုတဲ့ မိတ်ကပ်ပစ္စည်း (၈) မျိုးကို ပြောပြပေးလိုက်ပါတယ်။

နှုတ်ခမ်းနီ

မိန်းကလေးတိုင်းမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီကတော့ ရှိထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် နှုတ်ခမ်းနီကို သုံးရောင်လောက် ဝယ်ထားတာပိုကောင်းပါတယ်။

Foundation မိတ်ကပ်

မိတ်ကပ်ပြင်ပြီဆိုမှတော့ အောက်ခံမိတ်ကပ် Foundation က လိုကိုလိုအပ်ပါတယ်။ Foundation လိမ်းတဲ့အခါမှာ လက်နဲ့မလိမ်းပဲ Makeup Brush နဲ့လိမ်းပေးရင် မိတ်ကပ်သားပိုညီပါတယ်။

Eyeliner

လှပတဲ့မျက်ဝန်းလေးတွေကို ပိုင်ဆိုင်စေဖို့ Eyeliner လေးကလည်း ဆိုးပေးဖို့လိုပါသေးတယ်။ ကိုယ်ကမျက်ရစ်မရှိလို့ Eyeliner မဆိုးရင်တောင် ပွဲတွေသွားတဲ့အခါမှာ ဆိုးပေးဖို့လိုပါတယ်။

Mascara

ထူပြီးကော့နေတဲ့ မျက်တောင်လေးတွေပိုင်ဆိုင်စေဖို့ Mascara ကလည်း မရှိမဖြစ်ပါပဲ။ Eyeliner မဆိုးရင်တောင် Mascara ကတော့ သုံးပေးဖို့လိုပါတယ်။

Eyeshadow Palette

လှပတဲ့မျက်ဝန်းလေးတွေပိုင်ဆိုင်စေဖို့ မျက်လုံးကိုလည်း ခြယ်ပေးဖို့လိုပါတယ်။ ဈေးကြီးတာတွေဝယ်စရာမလိုပါဘူး။ ဈေးသင့်တင့်ပြီး အရောင်စုံတာလေးတွေကိုသာ ဝယ်လိုက်ပါ။

Concealer

မျက်ကွင်းညိုတာတွေနဲ့ မျက်နှာမှာရှိနေတဲ့ အပြစ်အနာအဆာတွေကိုဖုံးဖို့ Concealer ကိုလည်း ဆောင်ထားဖို့လိုပါတယ်။ ဒါလေးက တကယ်အသုံးဝင်စေတာပါ။

ပါးနီ (Blush)

လှပတဲ့ပါးပြင်လေးတွေရရှိလာစေဖို့ ပါးနီကိုလည်း မိန်းကလေးတိုင်းဆောင်ထားရပါမယ်။ မိတ်ကပ်လိမ်းထားပြီး ပါးနီမသုံးထားရင် မျက်နှာက တစ်ခုခုလိုနေသလိုဖြစ်နေပါတယ်။

Loose Powder (or) Compact

တချို့မိတ်ကပ် Foundation တွေက Loose Powder (or) Compact တွေထပ်လိမ်းစရာမလိုပေမယ့် တော်တော်များများကတော့ လိုတာများပါတယ်။ ဒါကြောင့် ကိုယ်ကအဆီပြန်တဲ့အသားအရေဆိုရင် Loose Powder ကိုသုံးပါ။ ကျန်တဲ့အသားအရေပိုင်ရှင်တွေကတော့ နှစ်မျိုးလုံးသုံးလို့ရပါတယ်။