ဘယ် Outfit မှ မှန်ကန်တဲ့ Accessories နဲ့ မတွဲဘဲနဲ့ အလှဆုံး မဖြစ်နိုင်ပါဘူး။ Hair Accessories တွေက အဝတ်အစားနဲ့ တွဲဖက်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး ပျိုမေတိုင်း တစ်မျိုးလောက်တော့ ရှိထားသင့်ပါတယ်။ ဘီးကုပ်ကနေစကာ ကလစ်အထိ Hair Accessories မျိုးစုံ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံပင်ရှည် ရှိတဲ့ ပျိုမေတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ Hair Accessories တွေကို ဖော်ပြပါရစေ။

၁။ Hair Pins

Bobby Pin တွေ၊ ရွှေရောင်၊ ငွေရောင် Pin တွေ၊ ညှပ်ကလစ်တွေက အခြေအနေအလိုက် ဆံပင်က်ု ထိန်းထားနိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပါ။

၂။ ခေါင်းစည်းကြိုး

ပေါ့ပေါ့ပါးပါး သဘာဝဆန်ဆန် Style ကို လိုချင်ရင် အနက်ရောင် ခေါင်းစည်းကြိုးတွေကို လိုအပ်ပါတယ်။ အရောင်စပ်ချင်တယ်ဆိုရင်တော့ အရောင်တောက်တဲ့ ခေါင်းစည်းကြိုးတွေနဲ့ သင့်တော်မှာပါ။

၃။ Hair Clips

Hair Chips တွေကို ပျိုမေတိုင်း လိုအပ်ပါတယ်။ တစ်ဝက်စည်းဖို့၊ အပြည့်စည်းထားဖို့ စသဖြင့် အကြောင်းအမျိုးမျိုးအတွက် Clips တွေကို လိုအပ်ပါတယ်။

၄။ Head Pieces

ခေါင်းပေါ်တင်ကာ အလှဆင်ရတဲ့ Head Pieces တွေကိုတော့ ပွဲတွေ၊ အခမ်းအနားတွေအတွက် လိုအပ်ပါတယ်။

၅။ Head Scarves

ပဝါ Head Scarf တွေကို ရည်မှန်းချက် မျိုးစုံအလိုက် အသုံးပြုနိုင်ပါတယ်။ ဆံပင်စည်းတဲ့ နေရာမှာ Head Scarf ကို သုံးနိုင်ပါတယ်။

၆။ ဘီးကုပ်

ဘီးကုပ်တွေကို ဆံပင်ရှည်နဲ့ သူအပြင် တိုတဲ့သူတွေပါ လိုအပ်ပါတယ်။ ကျောက်တွေပါတဲ့ ဘီးကုပ်ကို ပွဲတွေ အတွက် သုံးနိုင်ပြီး ပုံမှန် ဘီးကုပ်ကိုတော့ သာမန်အခြေအနေတွေမှာ ဝတ်နိုင်ပါတယ်။

Source: shilpaahuja.com

By MyStyle Myanmar