အလှပြင်ရတာကို မကြိုက်တဲ့မိန်းကလေးဆိုတာတော့ အခုနောက်ပိုင်းမှာ ခပ်ရှားရှားပါပဲ။ မိန်းကလေးတိုင်းလိုလိုပဲ အလှတွေပြင်ပြီး အသားအရေတွေကိုလည်း အရမ်းဂရုစိုက်လာတာတွေ့ရပါတယ်။ ဒါဟာအရမ်းကောင်းပါတယ်။ မိန်းကလေးဆိုတော့ အမြဲတမ်းလှလှလေးနေဖို့လိုတာပေါ့။ ဒါကြောင့် အလှပြင်ရတာကိုဝါသနာပါတဲ့မိန်းကလေးတိုင်းမှာ ရှိထားဖို့လိုတဲ့ မိတ်ကပ်ပစ္စည်း (၁၀) မျိုးကို ဖော်ပြပေးရင်းနဲ့ ဘာကြောင့်ရှိထားသင့်တယ်ဆိုတာလေးတွေကိုပါ ပြောပြပေးလိုက်ပါတယ်။

Primer

Source: www.anablush.com

မိတ်ကပ်သားညက်ညက်လေးဖြစ်ပြီး ကြာရှည်ခံစေဖို့အတွက် Primer ကို ပထမဆုံးအနေနဲ့ လိမ်းပေးရပါတယ်။ ဒါကြောင့် အလှပြင်တော့မယ်ဆိုရင် Primer က ရှိကိုရှိထားသင့်ပါတယ်။

Sunscreen

Source: www.intothegloss.com

အောက်ခံမိတ်ကပ် (Foundation) မလိမ်းခင်မှာ Primer လိမ်းပြီး Sunscreen ကိုလိမ်းပေးရပါတယ်။ မိတ်ကပ်မလိမ်းခင်မှာ Sunscreen ကိုလိမ်းပေးမယ်ဆိုရင်တော့ နေလောင်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။

Foundation

Source: www.maccosmetics.co.uk

မိန်းကလေးတိုင်းမှာ ကိုယ့်အသားအရေနဲ့လိုက်ဖက်ပြီး အဆင်ပြေစေမယ့် Foundation ကောင်းကောင်းလေးတစ်ခုတော့ ရှိထားသင့်ပါတယ်။ သူများကောင်းတယ်ပြောလို့လိုက်မသုံးပါနဲ့။ ကိုယ်နဲ့အဆင်ပြေတာတစ်ခုကိုပဲ စွဲသုံးပါ။

Eyebrow Gel

Source: www.lets-talk-beauty.co.uk

လူတစ်ယောက်ရဲ့မျက်နှာအလှက မျက်ခုံးမွှေးပေါ်မှာပဲမူတည်ပါတယ်။ ဒါကြောင့် ကိုယ်အမြဲသုံးရမှာဖြစ်လို့ Eyebrow Gel ကို Quality ကောင်းတာလေးဝယ်သုံးပေးပါ။

Eyeshadow Palette

Source: www.beautynerdbynight.com

ကိုယ့်ရဲ့မျက်ဝန်းလေးအမြဲလှပနေဖို့ Eyeshadow Palette အရောင်စုံပါတာလေးလည်း ရှိထားဖို့လိုပါတယ်။ အရောင်စုံပြီး ဈေးအသင့်အတင့်နဲ့ Quality ကောင်းတာမျိုးကို ဝယ်သုံးပါ။

Eyeliner

Source: www.wovensquare.com

Eyeliner ကတော့ အချိန်တိုင်းမဆွဲတောင် တစ်နေနေရာသွားရင် ဆွဲဆောင်မှုရှိပြီးလှပနေစေဖို့ ဆွဲပေးရပါတယ်။ တချို့မျက်လုံးတွေဆိုရင် Eyeliner မဆိုးထားရင် ကြည့်မကောင်းပါဘူး။

Mascara

Source: www.hsn.com

မျက်လုံးပြင်ပြီးတဲ့အခါမှာ Mascara နဲ့ မျက်တောင်မကော့ထားရင် ပြီးပြည့်စုံတဲ့မျက်ဝန်းအလှကို ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် မျက်တောင်ထူထူလေးနဲ့ ရှည်ရှည်လေးဖြစ်ပြီး လှနေစေဖို့ Mascara ကိုလည်းဝယ်ထားပါ။

Highlighter နဲ့ Blusher

Source: www.budgetbeautyblog.com

ပျိုမေတို့ရဲ့ပါးပြင်လေးမှာ ပြောင်ပြောင်လေးနဲ့ Glow ဖြစ်နေစေဖို့ Highlighter ကောင်းကောင်းလေးတစ်ခုကလည်း လိုအပ်ပါတယ်။ ပျိုမေတို့ရဲ့ပါးပြင်လေးလှပနေစေဖို့ ပါးနီ (Blusher) လေးကလည်း မရှိမဖြစ်ကိုလိုပါသေးတယ်။

Lipstick

Source: www.allure.com

မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ အရေးအကြီးဆုံးပစ္စည်းကတော့ နှုတ်ခမ်းနီ (Lipstick) ပါပဲ။ ကိုယ်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီလေးတွေနဲ့ ကိုယ်အနှစ်သက်ဆုံး နှုတ်ခမ်းနီလေးတွေကလည်း ရှိထားမှဖြစ်မှာပါ။ နှုတ်ခမ်းနီသုံးရောင်လောက်တော့ ရှိထားသင့်ပါတယ်။

Contouring Palette

Source: www.citycolorcosmetics.com

မိတ်ကပ်ပြင်တဲ့အခါမှာ ရုပ်ပြောင်းသွားချင်ရင်တော့ Contouring Palette က မရှိမဖြစ်ပါပဲ။ ဒါ့အပြင် မေးရိုးချတဲ့အခါ၊ နှာတံဖော်တဲ့အခါနဲ့ ပွဲတွေသွားစရာရှိတဲ့အခါမျိုးမှာဆိုရင်လည်း Contouring Palette က လိုအပ်ပါတယ်။