မင်္ဂလာပါ ပျိုမေတို့ရေ။ ပူအိုက်တဲ့ရာသီရောက်လာပြီဖြစ်လို့ ဖိနပ်ဝတ်တဲ့အခါ ကိုယ့်ခြေထောက်တွေကို လေဝင်ပေါက်ရပြီး တစ်နေကုန် လမ်းလျှောက်ရ သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ဒီဇိုင်းတွေ ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုလာပါပြီနော်။ တစ်ခါတစ်ရံမှာ စီးရခက်ပြီး လိုက်ဖက်မှုမရှိတဲ့ဖိနပ်ဒီဇိုင်းတွေက ဝတ်ထားတဲ့ အဝတ်အစားတွေကိုပါ မှိုင်းသွားစေတတ်ပါတယ်။

ဒီလိုရာသီမှာဝတ်သင့်တဲ့ ဖိနပ်ပုံစံလေးတွေကို ရှည်ရှည်ဝေးဝေးရှာစရာမလိုဘဲ သိနိုင်ဖို့ ဒီတစ်ခေါက်မှာ ရှိထားသင့်တဲ့ နွေရာသီဖိနပ်ဒီဇိုင်းလေးတွေကို စုစည်းမျှဝေပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ ဖိနပ်ဒီဇိုင်းတွေထဲကအချို့ကို ရှိထားတာက သင့်ကို ထသွားထလာအပြင် ရုံးသွား၊ ခရီးသွားစတာတွေအတွက်ပါ အသုံးဝင်ပြီး ဖက်ရှင်လည်းကျစေမှာပါ။

၁။ Slides

ကွင်းထိုးဖိနပ်အပြားလေးတွေက နွေရာသီနဲ့အရမ်းအဆင်ပြေပါတယ်။ ဘောင်းဘီတို၊ ဂါဝန်စတဲ့ Outfit မျိုးစုံနဲ့ လိုက်ဖက်တဲ့အပြင် ဝတ်ရလည်းပေါ့ပါးပြီး ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့ ဒီဇိုင်းတွေဖြစ်တာကြောင့် ထသွားထလာအတွက် ဝတ်ရတာ သက်တောင့်သက်သာရှိစေမှာပါ။

၂။ Sport Sandals

လေဝင်လေထွက်ရှိပြီး အားကစားဖိနပ်လို လမ်းလျှောက်ရပေါ့ပါးစေတဲ့ သရေကြိုးနောက်ပိတ် ဖိနပ်မျိုးဖြစ်ပါတယ်။ အခုခေတ်လူငယ်မိန်းကလေးတော်တော်များများဝတ်လေ့ရှိပြီး Outfit တာ်တော်များများနဲ့လိုက်ဖက်ကာ ထင်းထွက်နေစေမယ့် ဒီဇိုင်းမျိုးဆိုရင်လည်းမမှားပါဘူး။ နေပူထဲမှာ လမ်းလျှောက်များသူတွေအနေနဲ့ ဒီလိုဖိနပ်မျိုး ဝတ်ကြည့်သင့်ပါတယ်။

၃။ Mules


နောက်ထပ်နွေရာသီမှာ ဖက်ရှင်ကျဖို့ဝတ်ပေးသင့်တဲ့ ဖိနပ်လေးကတော့ ဒေါက်အမြင့်ပါတာမျိုး စီးချင်သူတွေနဲ့ သင့်တော်မယ့် ရှေ့ပိတ် ဒေါက်ပုဖိနပ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ ရုံးသွားရုံးပြန်အတွက်လည်း သင့်တော်ပြီး ဒေါက်အရမ်းမမြင့်တာကြောင့် ဝတ်ရလွယ်ကာ မိန်းကလေးဆန်တဲ့ Outfit လေးတွေနဲ့လည်း လိုက်ဖက်စေမှာပါ။

၄။ Strappy Sandals


ကြိုးသိုင်းနောက်ပိတ်ဖိနပ်အပါးလေးတွေကလည်း ပူအိုက်တဲ့ရာသီအတွက်မရှိမဖြစ်ပါဘဲ။ သွားရလာရ အရမ်းပေါ့ပါးပြီး ဂါဝန်ရှည်၊ စကပ်ရှည်၊ ဘောင်းဘီအပွလေးတွေစတဲ့ နွေရာသီဖက်ရှင်လေးတွေနဲ့ လိုက်ဖက်စေမှာပါ။

၅။ Casual Sneakers


Sneakers ဖိနပ်ကြိုက်သူတွေအနေနဲ့ တစ်ခါတစ်ရံမှာ Sneakers အပါး အဖြူလေးတွေကို စကတ်တို၊ ဂါဝန်တို၊ ဂျင်းဘောင်းဘီစတဲ့ Outfit ပေါ့ပေါ့ပါးပါးလေးတွေနဲ့ တွဲဝတ်တာက သင့်ကိုသိပ်အားထုတ်စရာမလိုဘဲ ဖက်ရှင်ကျနေစေမှာပါ။ ဒါကြောင့် နွေရာသီမှာ Sneaker လေးတွေလည်း ရွေးပြီး ဝတ်ကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar