မင်္ဂလာပါနော်။ ဝိုင်နီနီလေးက အမြင်ပိုင်းမှာသာမက သောက်လိုက်ရင်လည်း သင့်ကို စွဲမက် မူးဝေစေပါတယ်။

အရမ်းလည်းလှတဲ့အရောင်ဖြစ်သလို အဲဒီအရောင်လေးကိုသာ ဆံပင်မှာဆိုးလိုက်ရင်တော့ တကယ်ကို အမိုက်စားပါပဲ။

ဆံပင်အရောင်ဆိုးဖို့ စဉ်းစားနေကြတဲ့သူတွေအတွက် ဝိုင်နီရောင်လေးကို ဆိုးဖို့ အကြံပြုလိုက်တယ်နော်။ ဝိုင်နီရောင်က သစ်ကြမ်းပိုးခေါက်အရောင်ထက် နည်းနည်းလေး ပိုရင့်ပြီး ပန်းခရမ်းရောင်လည်း ဆန်ပါတယ်။

အရမ်းမိုက်တဲ့အရောင်မို့ ဆိုးလိုက်ရင်တော့ သင့်ကို တကယ်ပဲ အလန်းစားဖြစ်စေမှာပါ။

ဆံပင်ဖြောင့်ဖြောင့် ကောက်ကောက် လိပ်ပဲ လိပ်ထားလိပ်ထား အဆင်ပြေတဲ့ အရောင်လေးဖြစ်ပါတယ်နော်။

ဒါပေမယ့် ဒီလိုဆံပင်အရောင်ဆိုးရင် ဆံကေသာကို ထိခိုက်ပျက်စီးစေလို့ ဆံပင်ကို ထိန်းသိမ်းမှုတွေလုပ်ပါ။

ခေါင်းလျှော်တိုင်း ပုံမှန်ပေါင်းတင်ပေးပါ။ ဆံပင်အဖျားလေးတွေကို ပုံမှန်လေး တိပေးပါ။

ဆံပင်ဖြောင့်စက် ကောက်စက်တွေနဲ့ ခဏခဏ ပုံသွင်းတာကို ရှောင်လိုက်ပါ။

ဆံကေသာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတဲ့အတိုင်း ဆံပင်အပြောင်းအလဲလေးလုပ်တာဟာ သင့်စိတ်ကိုလည်း အပြောင်းအလဲလေးဖြစ်စေသလို စိတ်ညစ်တာလည်း သက်သာစေပါတယ်။