သင်က အလုပ်နားရက်မှာ အပျင်းပြေ ဇာတ်လမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာ က သင့်အတွက် အမောပြေစေပါလိမ့်မယ်။ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်လမ်းအဆုံးသတ်မှာ Message တစ်ခုခု ကျန်ခဲ့တတ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကနေတဆင့် တကယ့်ဖြစ်ခဲ့သူတွေရဲ့ အကြောင်းကို Google ခေါက်ရှာရတဲ့အထိ ကိုယ့်ကို စွဲလန်းစေပါတယ်။ ဒါက ဖြစ်ရပ်မှန်ဇာတ်လမ်းတွေရဲ့ ထူးခြားချက် တစ်ခုပါပဲ။ ဒီတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ နာမည်ကျော် ဇာတ်လမ်းတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Jungle 2017

Jungle ဇာတ်လမ်းမှာ သရုပ်ဆောင်ထားသူကတော့ Harry Potter မင်းသား Daniel Radcliffe ပါ။ ဒီဇာတ်လမ်းက စွန့်စားခရီးသွားသူ Yossi Ghinsberg ရဲ့ တကယ်ြ့ဖစ်ခဲ့တဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Yossi က သူငယ်ချင်းတွေနဲ့ အမေဇုန် တောထဲ ခရီးထွက်ခဲ့စဉ် လူကွဲပြီး တစ်ယောက်တည်းကျန်ခဲ့ပါတယ်။ အမေဇုန်ရဲ့ လှည့်ကွက်တွေကြားထဲ Yossi တစ်ယောက် အသက်ရှင်ဖို့ ဘယ်လို ရုန်းကန်ခဲ့ရလဲ၊ သူ့ကို လိုက်ရှာနေတဲ့ သူငယ်ချင်းနဲ့ နောက်ဆုံးမှာ ပြန်ဆုံနိုင်ခဲ့လား ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။


Yossi ကို တောထဲက ကယ်တင်ခဲ့စဉ်က

Photo Source: Throomers


Jungle ထဲက Daniel

Photo Source: YouTube


Daniel နဲ့ Yossi

Photo Source: The Sun

၂။ The Pursuit of Happyness 2006

မင်းသားကြီး Will Smith သရုပ်ဆောင်ထားတဲ့ The Pursuit of Happyness ဇာတ်လမ်းက မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်လမ်းပါ။ ဇာတ်ကောင် Chris ဟာ စီးပွားရေးအရှုံးပေါ်ပြီး ဇနီးဖြစ်သူကပါ ထားသွားခဲ့ပါတယ်။ ဆင်းရဲသွားတဲ့အချိန် နေစရာ မရှိလို့ အခမဲ့ တည်းလို့ရတဲ့ နေရာတွေဆီ သားဖြစ်သူနဲ့ သွားတန်းစီတာ၊ ပိုက်ဆံမရှိလို့ သွေးလှူပြီး ပိုက်ဆံရှာခဲ့ရတာတွေ၊ ကိုယ်ယုံကြည်တဲ့ စီးပွားရေးကို အောင်မြင်ဖို့ ဇွဲကြီးကြီးနဲ့ ကြိုးစားတာတွေကို အတုယူဖွယ် ကြည့်ရမှာပါ။ Pursuit of Happyness ဇာတ်လမ်းထဲက ပဲ့ကိုင်ရှင် Chris Gardner ဟာ လက်ရှိမှာ အမေရိကန်ရဲ့ အအောင်မြင်ဆုံး စီးပွားရေးပညာရှင်တွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။


အပြင်ပုံနဲ့ ဇာတ်လမ်းထဲက ပုံရိပ်

Photo Source: YouTube

၃။ Selena 1997

Selena Quintanilla ဟာ ၁၉၉၅ မတ်လ ၃၁ ရက်နေ့မှာ သူမရဲ့ အမာခံ ပရိတ်သတ်ဖြစ်သူ Yolanda Saldivar ရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပါတယ်။ Selena က ၁၉၉၀ နှစ်ပိုင်းတွေမှာ လူကြိုက်များ ရေပန်းစားခဲ့တဲ့ အဆိုတော်၊ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း၊ အပြုံး၊ ကျက်သရေရှိတဲ့ အလှ၊ သာယာလွန်းတဲ့ အသံကြောင့် လူကြိုက်များခဲ့သူ ဖြစ်ပါတယ်။ Selena အကြောင်း ရိုက်ကူးထားတဲ့ Selena 1997 ဇာတ်လမ်းမှာတော့ Jennifer Lopez က လွမ်းဆွတ်ဖွယ ်သရုပ်ဆောင်ထားပါတယ်။ အောက်ခြေဘဝက စကာ သေဆုံးတဲ့ အချိန်ထိကို သေချာ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်။ Selena အကြောင်းကို ထပ်မံရိုက်ကူးထားတဲ့ 2021 Series လည်းရှိပါတယ်။

JLo နဲ့ Selena

Photo Source: Lipstick Alley

၄။ Hope 2013

ကိုးရီးယား ဇာတ်လမ်းကြိုက် ပရိတ်သတ်တွေအတွက် Hope က မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Hope လို့ အမည်ရတဲ့ ကလေးလေးရဲ့ အဖြစ်ဆိုးတစ်ခုကို မခံချင်စိတ်၊ ရင်နာနာနဲ့ ကြည့်ရမယ့် ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပါတယ်။

Photo Source: Flixwatch

၅။ The Billionaire 2011

The Billionaire ကတော့ ထိုင်းဇာတ်လမ်း ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ လူငယ်တွေ ကြည့်သင့်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ထိုင်းလူငယ် စီးပွားရေး ရင်းနှီးမြုပ်နှံသူ Itthipat Peeradechapan ရဲ့ ငယ်စဉ်ဘဝ ကို ရိုက်ကူးထားတာပါ။ Itthipat က နာမည်ကြီး Tao Kae Noi ရေညှိလုပ်ငန်းကို စတင်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

Photo Source: Wandereview.com

၇။ Dallas Buyers Club 2013

ဒီဇာတ်လမ်းကတော့ အေအိုင်ဒီအက်စ် ရောဂါသည်တွေ အသက်ရှည်ရှည် နေနိုင်ဖို့ ဆေးတွေရှာဖွေရင်း တားမြစ်ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိသွားတဲ့ Ron Woodroof အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Ron Woodroof က အပျော်အပါးလိုက်စားရာက AIDS ရောဂါကူးစက်ခဲ့ပြီး အပေါင်းအသင်းတွေရဲ့ ဖယ်ကျဉ်တာကို ခံစားခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ Ron က Rayon (Jared Leto) နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဘဝကို အရှုံးမပေးဘဲ အသက်ရှည်ရှည်နေနိုင်ဖု့ိ ဆေးတွေ ရှာရင်းက တားမြစ်ထားတဲ့ ဆေးတစ်မျိုးဟာ ဆေးအာနိသင်ကောင်းကြောင်း တွေ့ရှိခဲ့တာပါ။

ဇာတ်လမ်းထဲက Ron နဲ့ တကယ့် Ron

Photo Source: Entertainment.time.com

၇။  The Conjuring

လက်တွေ့ Ed နဲ့ Lorraine Vs ဇာတ်လမ်းထဲက Ed နဲ့ Lorraine

Photo Source: Mashable

သရဲဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် The Conjuring ကတော့ ညွှန်းစရာ မလိုတော့ပါဘူးနော်။ The Conjuring က တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတယ်ဆိုတာ သင်သိပါသလား။ မကောင်းဆိုးဝါး နှင်သူ ဇနီးမောင်နှံ Ed နဲ့ Lorraine Warren ရဲ့ သရဲခြောက်တဲ့ အိမ်တွေဆီ သွားရင်း တကယ့်ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

By MyStyle Myanmar