ဧည့်လမ်းညွှန်တွေ အကြံပေးနေကျ သာမန်မြင်ကွင်းတွေကို သွားရောက်လည်ပတ် ကြည့်ရှုရတာကို ငြီးငွေ့နေပြီလား။ ကိုယ့်ကို ရင်သပ်ရှုမောဖွယ်ဖြစ်စေပြီး အံ့သြမှင်သက်သွားစေမယ့် နေရာလေးတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့် နေရာလေးတွေက အသင့်တော်ဆုံးပါပဲ။

တစ်သက်မှာ တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေကို စုစည်းဖော်ပြပေးထားလို့ စိတ်ပါဝင်စားရင် ကိုယ်တိုင်ကိုယ်ကျရှုစားနိုင်မှာပါ။

၁။ ဒေါက်ဖိနပ်သဏ္ဍာန် မင်္ဂလာဆောင်ဘုရားရှိခိုးကျောင်း (ထိုင်ဝမ်)

ဤဒေါက်ဖိနပ်သဏ္ဍာန်ဘုရားကျောင်းဟာဆိုရင် အမြင့် ၅၅ ပေရှိပြီး အပြာရောင်ဖန်သား အချပ် ၃၀၀ နဲ့ ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဗိသုကာပညာရှင်များဟာဆိုရင် စင်ဒရဲလားပုံပြင်မှ စိတ်ကူးစိတ်သန်းရရှိကာ ဖန်တီးတည်ဆောက်ထားတာပါ။

၂။ ဝိုင်အပြည့်နဲ့ ရေပူစမ်း (ဂျပန်)

Yunessun အမည်ရှိရေပူစမ်းဟာဆိုရင် ၃.၆ မီတာမြင့်သည့် ဝိုင်ပုလင်းအနားမှာထားကာ ဝိုင်တွေအပြည့်နဲ့ ရေကူးကန်ထဲမှာ ဧည့်သည်တွေ အပန်းဖြေအနားယူနိုင်မယ့် နေရာလေးပါ။ ဝိုင်အပြင်ကို နှစ်သက်ပါက ချောကလက် သို့မဟုတ် Curry ဟင်းအနှစ် သို့မဟုတ် ကော်ဖီတို့နှင့်လည်း စိမ်နိုင်ပါသေးတယ်။

၃။ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲမှ မှော်စာသင်ကျောင်း (ဖလော်ရီဒါ)

ကလေးလူကြီးအကြိုက် ဟယ်ရီပေါ်တာဇာတ်ကားထဲမှ အနေအထားပတ်ဝန်းကျင်အတိုင်း ပြန်လည်ပုံဖော်ထားသည့် ဤနေရာဟာဆိုရင် အလွန်ကိုအသက်ဝင်လှပါတယ်။ အရာရာတိုင်းကို အနုစိတ်ဖန်တီးထားလို့ ရောက်သွားတဲ့အခါ ပြန်တောင်ထွက်ချင်တော့မှာ မဟုတ်ပါဘူးနော်။

၄။ ပီကေများနှင့် ပြည့်နေသည့် လမ်းကြား (ကယ်လီဖိုးနီးယား)

၁၉၆၀ ဝန်းကျင်မှာ ဖန်တီးခဲ့သည့် San Luis Obispo ရဲ့ လက်ရာဖြစ်ပါတယ်။ ၁၅ ပေမြင့်သည့် နံရံများတွင် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားဧည့်သည်များရဲ့ ပီကေများနှင့် ပြည့်နေသည့် အနုပညာလက်ရာကို မြင်တွေ့နိုင်မှာပါ။

၅။ ကျောက်အဖြစ်ပြောင်းလဲသွားသည့် ရေတွင်း (အင်္ဂလန်)

Mother Shipton ၏ ဂူအတွင်းတွင်တည်ရှိသည့် ဤသဘာဝရေတွင်းတွင် တစုံတခုကို ချိတ်ဆွဲပြီး အချိန်အတော်ကြာထားပြီး ပြန်သွားကြည့်သည့်အခါ ကျောက်တုံးအသွင်အဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။ ရေထဲတွင် ပုံမှန်မဟုတ်သည့် သတ္တုဓာတ်များ အပြည့်ပါဝင်နေပြီး ထိုနေရာတစ်ခုလုံးမှာလည်း ပစ္စည်းပေါင်းမြောက်မြားစွာကို တွေ့ရမှာပါ။

၆။ Karni Mata ဘုရားကျောင်း (အိန္ဒိယ)

ကြွက်ပေါင်း ၂၀၀၀၀ ကျော် နေထိုင်နေသည့် ဤဘုရားကျောင်းကို သန့်စင်မွန်မြတ်တဲ့နေရာလို့ ယူဆပါတယ်။ ထိုကြွက်များကို “Kabbas” လို့ခေါ်ပြီး ဒေသခံများနှင့် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများမှ ကြည်ညိုလေးစားကြပါတယ်။

ဘုရားကျောင်းအတွင်းဝင်လိုလျှင် ဖိနပ်ချွတ်ရန်လိုအပ်ပြီး ကြွက်များကိုက်ဝါးထားသည့် အစားအသောက်တစ်ခုခုကို စားခွင့်ရမယ်ဆိုရင် ထိုသူဟာ အလွန်ကိုကံကောင်းသူဟု ယူဆကြပါတယ်။

၇။ Avanos ဆံပင်ပြတိုက် (တူရကီ)

Chez Galip မှ သူ၏မိန်းကလေးသူငယ်ချင်းနှင့်အတူ ခွဲခွာရတော့မည်အချိန် 1979 ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး ထိုမိန်းကလေးကို အမှတ်ရနေစေဖို့ လက်ဆောင်တောင်းခံသည့်အခါ ဆံပင်တစ်ဆုပ်ကို ပေးခဲ့ပါတယ်။ ထိုဆံပင်ကို ဆိုင်ရဲ့နံရံမှာချိတ်ထားခဲ့ပြီး ဧည့်သည်များက မြင်သည့်အခါ အကြောင်းစုံကိုရှင်းပြခဲ့လို့ သနားသဖြင့် ဆံပင်များကို ချန်ရစ်ခဲ့ပါတယ်။

ထိုမှတဆင့် ပြတိုက်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယနေ့အချိန်မှာဆိုရင် နံရံအတွင်းမှာ ဆံပင်မွှေးပေါင်း ၁၆၀၀၀ ကျော်ရှိနေပါပြီ။

၈။ ကားရုပ်ထုများ (Nebraska)

Alliance မြို့အနီးအနားတွင်တည်ရှိပြီး အမေရိကန်ပုံစံ ကျောက်တုံးရုပ်ထုများကို ပြန်လည်ဖော်ကျူးထားခြင်း ဖြစ်ပါတယ်။ ရှေးဟောင်း အမေရိကန်ကား ၃၈ စီးနဲ့ဖန်တီးထားပြီး ခဲရောင်ဆေးများသုတ်ထားကာ စက်ဝိုင်းသဏ္ဍာန်ပုံဖော်ထားပါတယ်။

၉။ ပြောင်းပြန်စားသောက်ဆိုင် (ဂျော်ဂျီယာ)

ဂျော်ဂျီယာရဲ့ Batumi မြို့တွင် တည်ရှိသည့် ပထမဦးဆုံးသော ပြောင်းပြန်စားသောက်ဆိုင်ဖြစ်ပြီး ဒီဇိုင်းလက်ရာအလွန်သပ်ရပ်ရုံသာမက အစားအသောက်များကလည်း အလွန်ကို အရသာရှိလှပါတယ်။

၁၀။ Wang Saen Suk ငရဲပန်းခြံ (ထိုင်း)

ငရဲကဘယ်လိုပုံစံရှိသလဲဆိုတာကို စူးစမ်းလိုတယ်ဆိုရင်တော့ ဒီပန်းခြံက အသင့်တော်ဆုံးပါပဲ။ ဗုဒ္ဓဘုရားဟောကြားထားသည့် ငရဲကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။