ခရီးသွားတဲ့အခါ ရူခင်းလှလှလေးတွေနောက်ခံထားပြီး ဓာတ်ပုံရိုက်ရတာကို မကြိုက်တဲ့သူရယ်လို့မရှိပါဘူးနော်။ ဘယ်နေရာရောက်ရောက် ရိုက်သမျှဓာတ်ပုံတိုင်းလှနေဖို့ ကိုယ်ဝတ်ထားတဲ့ Outfit စတိုင်ကလည်း အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာ ခရီးသွားရင်း လန်းဆန်းတက်ကြွတဲ့ အမိုက်စားဓာတ်ပုံလေးတွေရဖို့ ပျိုမေတို့ ရွေးချယ်ဝတ်ဆင်သင့်တဲ့ Outfit ပုံစံလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ အကွက် ဝမ်းဆက်လေးတွေ


အပေါ်အောက် ဝမ်းဆက် နုနုလွင်လွင်လေးတွေဝတ်တာက ဖက်ရှင်အတွဲအစပ်အတွက် သိပ်စဉ်းစားစရာမလိုဘဲ ဓာတ်ပုံထဲမှာ လုံးဝထင်းနေစေမှာပါ။

၂။ အပေါ်အောက် အရောင်တစ်ရောင်ထဲ Outfit

ကိုယ်နဲ့လိုက်တဲ့ အရောင်တစ်ရောင်ရွေးပြီး ဒီအရောင်ပါတဲ့ ဝတ်စုံ၊ လက်ကိုင်အိတ်၊ ဖိနပ်စတာတွေနဲ့တွဲပြီးဝတ်တာကလည်း သင့်ကိုတစ်မျိုးလေးဆန်းကာ ဖက်ရှင်ကျစေမှာပါ။

၃။ အဖြူရောင် Dress လေးတွေ


များသောအားဖြင့် ကမ်းခြေခရီးတွေအတွက် အဖြူဝတ်စုံလေးတွေက အရမ်းလိုက်ဖက်ပါတယ်။ ပြင်ဆင်စရာ သိပ်မလိုဘဲ ဓာတ်ပုံတိုင်းမှာ ရှင်းရှင်းလေးနဲ့ မျက်စိအေးစေမှာဖြစ်လို့ ထွေထွေထူးထူးအရောင်မရွေးချင်သူတွေ အနေနဲ့ အဖြူ Dress လေးတွေဝတ်ကြည့်ပါ။

၄။ ပန်းလေးတွေနဲ့ Printed လုပ်ထားတဲ့ ဂါဝန်

ပန်းပုံ Printed ဂါဝန်လေးတွေက ဓာတ်ပုံတိုင်းမှာ ပေါ့ပါးလန်းဆန်းတဲ့ စတိုင်လေးရစေတဲ့အပြင် ရှုခင်းနောက်ခံအရောင်တိုင်းနဲ့လည်းလိုက်ဖက်တဲ့ ပုံစံလေးတွေလို့လည်းပြောလို့ရပါတယ်။ ဒီလို ဂါဝန်လေးတွေကို ဖိနပ်အဖြူလေးတွေနဲ့တွဲဝတ်ပြီး တစ်ကိုယ်လုံးပုံ လှလှလေးတွေရိုက်ကြည့်ပါ။

၅။ လက်ဖောင်းအရှည် အင်္ကျီနဲ့ ဂါဝန်လေးတွေ


ဒီလို လက်ဖောင်းပုံစံလေးတွေကလည်း ကောင်မလေးတွေကြား ရေပန်းစားပြီး သင့်ကို ဓာတ်ပုံတိုင်းမှာ မိန်းကလေးဆန်ဆန် တည်ငြိမ်တဲ့အလှကိုပိုင်ဆိုင်စေပါလိမ့်မယ်။

Photo Source: preview.ph, Pinterest