အခုခေတ်မှာ မိန်းကလေးအပြင် ယောင်္ကျားလေးတွေပါ အသားအရေကို ဂရုစိုက်တတ်လာကြတယ်။ Skincare တွေ လုပ်လာကြပါတယ်။ Skincare လုပ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် မှားပြီးလုပ်မိရင်တော့ အသားအရေကောင်းမလာပဲ ပိုဆိုးလာမှာပါ။ ဒါကြောင့် မှားနေတာတွေရှိရင် ဆင်ခြင်လို့ရအောင် skincare လုပ်တဲ့အခါ တော်တော်များများ လွဲနေတတ်တဲ့ အယူအဆအမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

နေမပူရင် Sunscreen မလိမ်းခြင်း

တချို့က နေပူထဲသွားမှ sunscreen လိမ်းတယ်၊ အိမ်ထဲနေရင်မလိမ်းဘူး၊ မိုးအုံ့နေရင် မလိမ်းပါဘူး။ တကယ်တော့ sunscreen က မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ကစပြီး ညနေ ၄ နာရီအတွင်းမှာ လိမ်းကိုလိမ်းသင့်ပါတယ်။

Sunscreen နည်းနည်းပဲလိမ်းခြင်း

Sunscreen လိမ်းရင် နှမျောပြီး နည်းနည်းလေးလိမ်းတာမျိုး မလုပ်ပါနဲ့။ နည်းနည်းလေးလိမ်းပြီး နေပူထဲသွားနေလို့ ဘာမှမထူးပါဘူး။ ထိရောက်မှုရှိအောင် two fingers method နဲ့ လိမ်းပေးပါ။

Exfoliate ခဏခဏလုပ်ခြင်း

Exfoliate လုပ်တာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ ပိုကြည်လင်လာစေတာ မှန်ပေမယ့် တစ်ပတ်တစ်ခါထက်တော့ ပိုမလုပ်သင့်ပါဘူး။ ခဏခဏလုပ်နေရင်တော့ အရေပြားပါးပြီး sensitive skin ဖြစ်လာတာမျိုး၊ အသားခြောက်လာတာမျိုး၊ အဆီအရမ်းပြန်လာတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

အဆီပြန်လို့ Moisturizer မလိမ်းခြင်း

ကိုယ့်အသားအရေက အဆီပြန်တယ်ဆိုပြီး moisturizer မလိမ်းတာက အရမ်းမှားပါတယ်။ Moisturizer လိမ်းလို့ ပိုပြီးအဆီပြန်မှာ မဟုတ်ပါဘူး။ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် moisturizer ကို ရွေးချယ်ဖို့ပဲ လိုပါတယ်။

ရေနွေးနဲ့မျက်နှာသစ်ခြင်း

ရေနွေးနဲ့မျက်နှာသစ်ရင် ချွေးပေါက်ကျဉ်းတယ်ဆိုပြီး ရေနွေးနဲ့ မျက်နှာသစ်လေ့ရှိကြပါတယ်။ ရေနွေးနဲ့မျက်နှာသစ်တာက မျက်နှာအသားအရေကို ထိခိုက်စေတတ်တာမို့ မသစ်တာတော့ အကောင်းဆုံးပါ။ အသားပိုခြောက်လာတတ်ပါတယ်။ ဒါကြောင့် ရေအေးနဲ့ပဲသစ်ပါ။