မင်္ဂလာပါနော်။ အသက် ၄၀ ကျော်လာတဲ့အခါ ကိုယ့်အသားအရေကလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီ ဖြစ်လို့ အရင် ၁၀ နှစ်လောက်က မိတ်ကပ်လိမ်းခဲ့တဲ့ပုံစံမျိုး ထပ်တူမရနိုင်တော့တာ အမှန်ပါပဲ။ အရွယ်ရလာတဲ့ အသားအရေမှာ Collagen ဓာတ်လျော့လာသလို အရေးအကြောင်းပေါ်ပြီး အသားခြောက်လွယ်တာမို့ မိတ်ကပ်လိမ်းတော့မယ်ဆိုရင် မျက်နှာကို အစိုဓာတ်ကောင်းကောင်းပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် မိတ်ကပ် Tips တွေက ၄၀ ကျော် အမျိုးသမီးတိုင်းအတွက် မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်သား ကွက်တာ၊ အရောင်မညီတာတွေမဖြစ်စေဘဲ သဘာဝဆန်ဆန် စိုပြေတဲ့မိတ်ကပ် Look လေးရဖို့ ကူညီပေးနိုင်မှာပါ။

Moisturizer သေချာလိမ်းပေးပါ

အရွယ်ရလာတဲ့အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါ အရမ်းထူသလိုမမြင်ရဘဲ ပြေပြေလေးနဲ့ လှနေဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့ မိတ်ကပ်မလိမ်းခင်မှာ Moisturizer ကောင်းကောင်းတစ်ခုလိမ်းပြီး အစိုဓာတ်ဖြည့်ပေးပါ။ အဆီပြန်အသားအရေရှိသူတွေက အဆီမပါတဲ့ Gel ပုံစံ Oil-Free Moisturizer တွေသုံးပေးပြီး အသားခြောက်တတ်တဲ့သူတွေကတော့ Cream အမျိုးအစားတွေ သုံးပေးသင့်ပါတယ်။ Moisturizer မလိမ်းဘဲ မိတ်ကပ်တန်းလိမ်းတာမျိုးကိုတော့ လုံးဝရှောင်ပေးပါ။

အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Foundation တွေသုံးပါ

များသောအားဖြင့် အသက်ရလာတဲ့အခါ မိတ်ကပ်လိမ်းပြီးချိန် အသားခြောက်လွယ်တာကြောင့် Foundation ကို Hydrating အာနိသင်ပါတာမျိုး သုံးပေးဖို့လိုပါတယ်။ အစိုဓာတ်ပါတဲ့ Foundation တွေက မျက်နှာလေးကို ပိုနုပျိုပုံပေါက်ပြီး စိုစိုပြောင်ပြောင် မိတ်ကပ် Look လေးရစေမှာပါ။ Matte Type တွေအစား Liquid နဲ့ Cream အမျိုးအစား Foundation လေးတွေရွေးချယ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

Cream ပါးနီလေးတွေသုံးပေးပါ

အသက်ကြီးလာတဲ့အခါ ပါးနီအရောင်အရမ်းတောက်တာတွေနဲ့ သိပ်မလိုက်ပါဘူး။ ပေါင်ဒါအမျိုးအစား ပါးနီတွေက များများလိမ်းမိတဲ့အခါ မိတ်ကပ်နဲ့လည်း Blend မဖြစ်ဘဲ တစ်ရောင်ထဲသီးသန့်ထွက်ပြီး ကြည့်ရဆိုးတတ်ပါတယ်။ ဒါကြောင့် စိုစိုလေးနဲ့ Glow စေမယ့် Cream အမျိုးအစားပါးနီလေးတွေသုံးပေးပါ။ Cream ပါးနီတွေက လိုအပ်တဲ့အခါ Eyeshadow အနေနဲ့ပါခြယ်လို့ရတာမို့ အရမ်းအဆင်ပြေပါတယ်။

Highlighter နည်းနည်းထည့်လိမ်းပေးသင့်ပါတယ်

အသက်အရွယ်မရွေး စိုစိုပြောင်ပြောင် မိတ်ကပ် Look လေးနဲ့ မျက်နှာ Glow နေဖို့ Highlighter ထည့်သုံးပေးဖို့လိုပါတယ်။ အသက်ကြီးတဲ့သူတွေက Highlighter အရမ်းတောက်နေရင်လည်း သိပ်မလိုက်တာမို့ ပါးစောင်နားလေးတွေမှာ နည်းနည်းထည့်လိမ်းပေးတာမျိုးလုပ်ပေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ မျက်နှာလေးလင်းစေမယ့် Liquid Highlighter တွေ သုံးပေးသင့်ပါတယ်။

Photo Source: Pinterest
By MyStyle Myanmar