Skincare လုပ်တာကကောင်းပေမယ့် တစ်ခါတစ်လေကျရင် ကိုယ်တိုင်ပြုလုပ်လိုက်မိတဲ့ အမှားတစ်ချို့ကြောင့် အသားအရေကို ထိခိုက်စေပါတယ်။
ဒါကြောင့် Skincare နဲ့ပတ်သက်ပြီး တော်တော်များများပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ မလုပ်မိအောင်လည်း သတိထားဆင်ခြင်လို့ရတာပေါ့။
Cleansing ခဏခဏလုပ်တာ
Cleansing ခဏခဏလုပ်ပြီး၊ မျက်နှာသစ်ဆေးနဲ့ ခဏခဏသစ်တာက ချွေးပေါက်ကျယ်စေပါတယ်။ အခန့်မသင့်ရင် ဝက်ခြံနဲ့ အဆီဖုထွက်တတ်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သစ်ရင် ရပါပြီ။
ကိုယ့်အသားအရေနဲ့မကိုက်ညီတဲ့ Skincare သုံးတာ
Source:Healthline
ကိုယ့်အသားအရေ Skin Type နဲ့ မကိုက်ညီတဲ့ Skincare တွေကိုသုံးရင် ဝက်ခြံနဲ့ အဆီဖုထွက်တာမျိုး၊ ချွေးပေါက်ကျယ်တာမျိုးနဲ့ အဆီပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့် Skin Type နဲ့ကိုက်တာကို သေချာလေ့လာပြီးမှ ဝယ်သုံးပါ။
Skincare ကို လိုတာထက်ပိုသုံးမိတာ
Skincare ကို လိုအပ်တာထက်ပိုသုံးမိရင်လည်း အဆီပြန်ပြီး အဆီဖုထွက်တတ်ပါတယ်။ လိမ်းသင့်တဲ့ပမာဏပဲ လိမ်းပါ။
ပါဝင်ပစ္စည်းတွေကို သေချာမလေ့လာပဲ လျှောက်သုံးတာ
Skincare နဲ့ Cosmetics တွေဝယ်တော့မယ်ဆိုရင် ဘူးအနောက်မှာ ပါဝင်ပစ္စည်း (Ingredients) တွေပါပါတယ်။ ဒါကိုဖတ်ပြီးမှ ဝယ်ပါ။ ဥပမာ ကိုယ့်က Alcohol ပါတာမျိုးနဲ့မတည့်ရင် Alcohol Free ဆိုတာပါမှ ဝယ်ပါ။ အဆီပြန်တဲ့သူတွေဆိုရင် Oil Free ပါတာမျိုးကို ရွေးဝယ်ပေါ့။ သူများကောင်းတယ်ပြောလည်း ကိုယ့်အသားအရေနဲ့ အဆင်ပြေချင်မှပြေမှာပါ။
မိတ်ကပ်မဖျက်ပဲအိပ်တာ
Source:Birchbox
အဆိုးဆုံးကတော့ မိတ်ကပ်မဖျက်ပဲအိပ်တာပါ။ မိတ်ကပ်မဖျက်ပဲ ညအိပ်တာဟာ အသားအရေကို အရမ်းပျက်စီးစေပါတယ်။ အိုမင်းရင့်ရော်ပြီး အရေးအကြောင်းတွေ စောစောဖြစ်မယ်၊ အသားအရေ ညစ်နွမ်းလာမယ်၊ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာပါလိမ့်မယ်။