ဆံပင်ကျွတ်တာက အဖြစ်များဆုံး ပြဿနာဆိုပေမယ့် နေ့တိုင်း အများကြီးကျွတ်ရင်တော့ မပေါ့ဆသင့်ပါဘူး။ ဘယ်နေရာမှာမဆို ဆံပင်တွေ အများကြီး ကျွတ်နေတာကို သတိထားမိပြီဆိုရင် ပထမအဆင့်အနေနဲ့ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လိုပါပြီ။ အကြောင်းရင်းသိရပြီဆိုရင် အရေးကြီးတာက ကုသမှုကို စောစီးစွာ စဖို့ပါပဲ။
ဒါကတော့ ဆံပင်ကျွတ်တာကိုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပါ။
1. အသက်
အသက်အရွယ်ကြောင့်လည်း ဆံပင်ကျွတ်နိုင်တာမလို့ အသက်ကြီးလာတာနဲ့အမျှ ဆံပင်ကျွတ်တာ ၊ ဆံပင်ပါးတာကို လူတိုင်းနီးပါး ကြုံရပါတယ်။ တစ်ချို့လူတွေက အသက်ကြီးလာတာနဲ့အမျှ ဆံပင်ကျွတ်တာက ပိုဆိုးလာနိုင်ပါတယ်။
2. မျိုးရိုးဗီဇ
မျိုးရိုးလိုက်ရင်လည်း ဆံပင်ကျွတ်တတ်တာမလို့ သင့်ရဲ့မျိုးရိုဗီဇကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။
3. ဟော်မုန်း
မိန်းကလေးတွေမှာ ဟော်မုန်းပြောင်းလဲမှုရှိရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တဲ့ အကြောင်းအရင်းရှာမရဖြစ်နေရင် ဟော်မုန်းပမာဏကို စစ်ဆေးကြည့်ဖို့လိုပါတယ်။
4. စိတ်ဖိစီးမှု
အလုပ်ကြောင့် ဒါမှမဟုတ် Life Style ကြောင့် စိတ်ဖိစီးမှုများလွန်းရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
5. အာဟာရ
ခန္ဓာကိုယ်က သံဓာတ်၊ ဗီတာမင် D နဲ့ ဇင့်ဓာတ်တို့လို ဗီတာမင်ချို့တဲ့လာရင်လည်း ဆံပင်က ပုံမှန်ထက်ပိုကျွတ်နိုင်ပါတယ်။
6. မှို
ဦးရေပြားမှိုစွဲပြီး ဆံပင်ရဲ့မွေးညင်းပေါက်ထဲ ဝင်သွားရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ အရေပြားဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။
7. Styling
ဆံပင်ကို အပူပေးပြီး ခနခနပုံသွင်းတာ ၊ Chemical hair treatments တွေလုပ်တာများလွန်းရင်လည်း ဆံပင်မွေးညင်းပေါက်တွေ ပျက်စီးပြီး ဆံပင်ပိုကျွတ်တတ်ပါတယ်။