ဒီတစ်ခေါက်ပြောပြမယ့် ရာသီခွင်ပိုင်ရှင်တွေကတော့ လေ့လာမှုတစ်ခုအရ ကလေးအဆန်ဆုံးလို့ သတ်မှတ်ခံထားရတာပါ။ ကလေးဆန်တဲ့ ရာသီခွင် နှစ်ခု တွဲမိမယ်ဆိုရင်တော့ ပိုပြီး ကလေးဆန်သွားမှာ မလွဲမသွေပါပဲ။ တကယ်လို့ သင်က ကလေးဆန်တတ်တယ်ဆိုရင် ဒီလို အပြုအမူတွေကို တွေ့ရတတ်ပါတယ်။

သွားမယ်လို့ စဉ်းစားထားတာကို မသွားလိုက်ရလို့ စိတ်ကောက်တာ၊ စားချင်တာ မစားရလို့ စိတ်ညစ်တာ၊ ကိုယ်ခင်တဲ့လူက ကိုယ့်ကို သတိလက်လွတ်မေ့သွားတာနဲ့ စိတ်ဆိုးတာ စတာတွေပါဝင်ပါတယ်။ ဒီတော့ သင်က ဒီလို ကလေးဆန်တတ်တဲ့ ရာသီခွင်ထဲ ပါနေမလား ကြည့်လိုက်ရအောင်နော်-

Aries (March 21–April 19)

Aries ရာသီခွင်တွေက စိတ်မရှည်တတ်ပါဘူး။ ဒေါသထွက်တာ မြန်ပါတယ်။ တခြားသူတွေရဲ့ အတွေးတွေကို မစဉ်းစားပေးဘဲ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်ပါတယ်။ ဒါကြောင့်လည်း ကလေးဆန်နေတာပါ။

Sagittarius (November 22–December 21)

ဒီရာသီဖွားတွေက စိတ်ကောက်လွယ်တတ်ကြပါတယ်။ တစ်ခုခု ဖြစ်နေရင်တောင် ဒီဖြစ်တဲ့ ကိစ္စကို ဘာမှ မပြောဘဲ ရေငုံနှုတ်ပိတ်နေတတ်ပါတယ်။

Gemini (May 21–June 20)

Gemini တွေက တစ်ခုခု ဖြစ်ရင်တောင် ငါဘာမှမဖြစ်ဘူး၊ ဘာဖြစ်လို့လဲလို့ ပြန်မေးတတ်သူတွေပါ။ အိမ်နဲ့ ပြဿနာတက်တိုင်းလည်း ဘာမှမစားတော့ဘူးဆိုပြီး စိတ်ကောက်တတ်သူတွေပါ။

Libra (September 23 – October 22)

Libra တွေက သူတို့ မှန်တယ်လို့ ပြောတဲ့အရာကို တခြားလူက သဘောမတူတာနဲ့ ဒေါသစထွက်ပါပြီ။ ကိုယ်မှန်တယ်လို့ ထင်တဲ့အရာကို အထိ မခံသူတွေပါ။

Leo (July 23 – August 22)

Leo တွေက ပြဿနာ တစ်ခုခု တက်လာတဲ့အချိန် စိတ်ထိခိုက်လွယ်တတ်ကြပါတယ်။ သာမန်ထက်ကို စိတ်ထိခိုက်လွယ်တာပါ။ တစ်ခုခု ဆိုတာနဲ့ အရင်ဆုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။

Taurus (April 20 – May 20)

Taurus ရာသီဖွားတွေက ဥပေက္ခာပြုခံရတဲ့ ခံစားချက်ကို မခံစားနိုင်ကြပါဘူး။ တစ်ယောက်ယောက်က သူတို့ကို ငြင်းဆို လိုက်မှာကိုလည်း သေလောက်အောင် ကြောက်တတ်ကြပါတယ်။

Pisces (February 19–March 20)

Pisces ရာသီဖွားတွေက ဒီအချိန်ထိ သူတို့ ရာသီခွင်လဲ မပါပါလားဆိုပြီး စိတ်ကောက်နေလောက်ပါပြီ။ ကလေးဆန်တဲ့ ရာသီခွင်တွေထဲမှာ Pisces လည်းပါဝင်ပါတယ်။ Pisces တွေက အဝေဖန်မခံနိုင်ကြပါဘူး။ စိတ်ထိခိုက်လွယ်ပြီး ကိုယ်လိုချင်တဲ့ အရာကို မရတဲ့အချိန်လည်း အကြီးအကျယ် စိတ်ဝေဒနာ ရလွယ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar