ဆံပင်အရောင်ကို ဆန်းဆန်းလေးဆိုးချင်တဲ့သူတွေအတွက် အရမ်းလှပြီးမိုက်တဲ့ ဆံပင်အရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ စတိုင်လ်လုံးဝပြောင်းလဲပစ်ချင်ရင်တော့ ဒီအရောင်တွေကိုသာ ဆိုးကြည့်ပါ။

ဆံပင်အရောင်ကို အရမ်းတောက်ပြီး ထင်းနေတာမျိုးမဆိုးချင်ရင် ဒီလိုအမှိုင်းလေးကို ရွေးချယ်ပါ။ ဒီဆံပင်အရောင်ဆိုရင် အရမ်းမိုက်ပါတယ်။ အမှောင်ထဲမှာလည်းမိုက်သလို၊ နေပူထဲထွက်ရင်လည်း အရမ်းလှပါတယ်။

ဒီအရောင်ကျတော့ ခုနကအရောင်နဲ့ဆင်ပေမယ့် သူကခဲနဲ့အဖြူဘက် ပိုသွားပါတယ်။ ပိုပြီးအထာကျကျနဲ့မိုက်ပါတယ်။ ခဲနဲ့အဖြူများတာကြိုက်ရင် ဒီအရောင်ကိုသာရွေးပါ။ အရောင်လည်းဆန်းပါတယ်။

ဒီအရောင်လေးဆိုရင် ပန်းရောင်ကိုမှ rose gold လို အရောင်လေးမို့ အရမ်းလှပါတယ်။ ဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး ဖြူသွားမှာပါ။ လူငယ်ဆန်ပြီး အရောင်လည်းဆန်းတာကြောင့် အရောင်လင်းတာကြိုက်ရင် ဒါလေးကို ရွေးချယ်သင့်ပါတယ်။

ဆံပင်အရောင်တောက်ပြီး ဆန်းတာမျိုးကြိုက်ရင်တော့ ဒီလိမ္မော်ရောင်လေးက အရမ်းလှပါတယ်။ အရမ်းလူငယ်ဆန်ပြီး မျက်နှာလေးပိုဖြူသွားစေမယ့် အရောင်လေးပါ။

ဒီအစိမ်းရောင်လေးဆိုရင် ရေညှိစိမ်းလိုအရောင်လေးမို့ ဘိုဆန်ပြီး အရမ်းလှပါတယ်။ ဒီအရောင်ဆိုရင် ကာလာကျွတ်သွားလည်း လှနေမှာပါ။ အသားဆောင်တဲ့အရောင်လေးလည်း ဖြစ်ပါတယ်။

ဒီအရောင်လေးကျတော့ ခရမ်းရောင်၊ အပြာရောင်နဲ့ ပန်းရောင်ကို ရောထားသလိုမျိုးလေးပါ။ လူငယ်ကောင်မလေးတွေကြိုက်ကြတဲ့ unicorn အရောင်လေးလည်း ဖြစ်တာကြောင့် အရောင်ဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ခုနလို အရောင်ရောထားတာမျိုးကိုမကြိုက်ရင် ဒီလိုခရမ်းရောင်လေးလည်း ဆိုးလို့ရပါတယ်။ ကာလာဆန်းပြီး အရမ်းလှတာကြောင့် ဆိုးရဲတဲ့သူတွေဆို ဆိုးကြည့်သင့်တဲ့ အရောင်လေးပါ။

ဒီဆံပင်အရောင်ကတော့ မြင်ဖူးနေကျမို့ သိပ်တော့မဆန်းပါဘူး။ ဒါပေမယ့် အမြဲတမ်း မိုက်ပြီးလှနေတဲ့ အရောင်မျိုး ဖြစ်ပါတယ်။

ဒီဆံပင်အရောင်လေးကတော့ အမြဲတမ်းဆန်းပြီးလှနေတဲ့ အရောင်လေးပါ။ ဘိုဆန်ပြီး အရမ်းလှပါတယ်။ အရောင်အတောက်တွေသိပ်မကြိုက်ရင် ဒီအရောင်လေးကို ဆိုးကြည့်သင့်ပါတယ်။

ဆံပင်အရောင်ငြိမ်ပြီး ကာလာဆန်းတာမျိုးဆိုးချင်ရင် ဒီအရောင်လေးလည်း ဆိုးလို့ရပါတယ်။ ဒီရောင်လေးက နေပူထဲသွားရင် အရောင်တစ်မျိုးထွက်ပြီး အမှောင်ထဲမှာဆို အရောင်တစ်မျိုးထွက်ပါတယ်။

photo source:www.pinterest.com