သင်က မနက်ခင်း ရာသီဥတုအေးတဲ့အချိန် အိပ်ယာထဲ ကွေးမနေဘဲ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ သင့်ကိုယ်သင် ဂုဏ်ယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်က အကောင်းဘက် ပြောင်းလဲဖို့ စိတ်အားထက်သန်လို့ပါ။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက တခြားအချိန်တွေနဲ့ မတူဘဲ သင့်ကို တစ်နေ့လုံးစာ လန်းဆန်းနေစေမှာပါ။ ဒီတော့ မနက်စောစော လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ကူးရှိသူတွေ အနေနဲ့ စလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Squat

Photo Source: SPOTEBI

ထိုင်ထလေ့ကျင့်ခန်းကို ၁၀ ခေါက် လုပ်ပေးရပါမယ်။ ထိုင်ထလေ့ကျင့်ခန်းက သင့်ပေါင်ကြွက်သားအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး တင်ကိတ် ခါးသေးစေမှာပါ။ ဒါ့အပြင် မနက်ခင်း သွေးပူလေ့ကျင့်ခန်းစလုပ်ရာလည်း ရောက်ပါတယ်။

၂။ Jumping Jack

Photo Source: Pinterest

Jumping Jack က သင့်ခန္ဓာကိုယ်ထဲက အဆီပိုတွေကို လောင်ကျွမ်းစေပြီး ချွေးထွက်စေပါတယ်။ ခုန်ရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် ဒီလေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ သင်ပိုတက်ကြွလာပါလိမ့်မယ်။ Jumping Jack လေ့ကျင့်ခန်းကို ၂၅ ခါ လုပ်ပေးရပါမယ်။

၃။ Calf Raises

Photo Source: Pinterest

Calf Raise က လေ့ကျင့်ခန်း အခုမှ စလုပ်မယ့်သူတွေနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လွယ်ပေမယ့် သင့်အတွက် အင်မတန် ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။ ခြေသလုံးကြွက်သားတွေကို ကျစ်လစ်လာစေပြီး အကြောအခြင်တွေ ပြေစေပါတယ်။

၄။ Squat

နောက်ထပ် ထပ်လုပ်ပေးရမှာကတော့ Squat ပါပဲ။ လေ့ကျင်ခန်းတွေကို တစ်ကြိမ်မှာ အများကြီး မလုပ်ဘဲ ဒီလိုခွဲလုပ်ပေးတာက သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေပြီး လုပ်ရတာ ပိုပျော်စေပါတယ်။ ၁၀ ခါ လုပ်ရပါမယ်။

၅။ Sit Ups

Photo Source: Gfycat

အိပ်ထမတင် လေ့ကျင့်ခန်းက သင့်ဗိုက်ကြွက်သားကို ထိစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အပေါ်ကြွက်သားကို ပိုထိစေပြီး ခဏခဏ လုပ်တဲ့အခါ ဗိုက်ပိုချပ်လာပါလိမ့်မယ်။ ၁၀ ခါ လုပ်ပေးရပါမယ်။

၆။ Jumping Jacks

နောက်ထပ် Jumping Jack ၂၅ ခါ လုပ်ရပါမယ်။

၇။ Calf Raises

Calf Raises ကိုပဲ ၂၅ ခါ လုပ်ရပါမယ်။

၈။ Squat

ထိုင်ထ ၁၀ ခါ ထပ်ပြီး လုပ်ပေးရပါမယ်။

၉။ Burpees

Photo Source: Tenor

အသစ်ထပ်တိုးတဲ့ လေ့ကျင့်ခန်းကတော့ Burpees ပါ။ Burpees က တစ်ကိုယ်လုံးစာ Full Body လေ့ကျင့်ခန်းဖြစ်ပြီး သင့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ Burpees ကို ၁၀ ခါ လုပ်ရပါမယ်။

၁၀။ Sit ups

နောက်ဆုံး လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ အိပ်ထမတင်ပါ။ Sit Ups ကို ၁၀ ခါ လုပ်ရပါမယ်။

By MyStyle Myanmar