ကိုယ့်ရဲ့ တစ်နေ့တာ စိတ်ချမ်းသာဖို့ မနက်ခင်းအချိန်က အရေးကြီးပါတယ်။ မနက်တည်းက အစီအစဉ်တကျနဲ့ စနစ်ကျကျ ရှိမှ ကိုယ့်တစ်နေ့တာ အလုပ်တွေ ပြီးမြောက်မှာပါ။ ကောင်းမွန်တဲ့ အပြုအမူတွေနဲ့ မနက်ခင်း မှာ ပြုလုပ်မှု များလာလေ ကိုယ့်ဘဝ ပြောင်းလဲဖို့ အခွင့်အလမ်း များလေပါပဲ။ ဒီတော့ မနက်ပိုင်းမှာ ပြုလုပ်သင့်တဲ့ အလေ့အကျင့်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ နောက်နေ့ မတိုင် ခင် ညတည်းက ပြင်ဆင်ပါ

မနက်ပိုင်းမှာ ဘယ်က စလုပ်မယ်၊ နောက်နေ့ ဘာလုပ်မယ် ဆိုတာကို မတိုင်ခင် နေ့တည်းက ကြို Plan ချထားသင့်ပါတယ်။

၂။ စောစော ထပါ

မနက်ခင်း လန်းဆန်းနေဖို့ ညဘက် စောစောအိပ်ပြီး မနက်စောစော ထသင့်ပါတယ်။ မနက်စောစော နိုးတာကြောင့် ကိုယ်လုပ်ချင်တာတွေ ပိုလုပ်နိုင်မှာပါ။

၃။ စာဖတ်ပါ

တစ်နေ့တာ ဦးနှောက် အာဟာရ ဖြစ်စေဖို့ စာအုပ်ဖတ်ပေးတာကလည်း မနက်ခင်း အလေ့အကျင့် ကောင်းတစ်ခုပါပဲ။

၄။ ယောဂကျင့်ပါ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ပါ

မနက်ပိုင်းမှာ လှုပ်လှုပ်ရှားရှား မလုပ်ချင်ဘူးဆိုရင် ယောဂကျင့်သင့်ပါတယ်။ သင်က မနက် အားကစား လုပ်ရတာ သဘောကျရင် မနက်တိုင်း ပုံမှန်လုပ်သင့်ပါတယ်။

၅။ အလှဆုံး ပြင်ဆင်ပါ

အိမ်မှာနေရတယ်၊ အပြင်မသွားရဘူးဆိုပြီး ဖြစ်ကတတ်ဆန်း မနေသင့်ပါဘူး။ ကိုယ့်ကိုကိုယ် လေးစားလာဖို့ ပြင်ပြင်ဆင်ဆင် နေသင့်ပါတယ်။

၆။ တရားထိုင်ပါ

တစ်နေ့တာ စိတ်အကြည်ဓာတ် ရနေစေဖို့ ၁၀ မိနစ်ခန့် တရားထိုင်သင့်ပါတယ်။

၇။ သီချင်းနားထောင်ပါ

မနက်ခင်းမှာ ကိုယ့်စိတ်ကို လန်းဆန်း တက်ကြွစေမယ့် သီချင်းတွေကို နားထောင်ပေးသင့်ပါတယ်။

၈။ ဒိုင်ယာရီရေးပါ

တစ်နေ့တာကို ဘယ်လို စတင်ချင်လဲ၊ ဘယ်သူ့တွေကို ကျေးဇူးတင်လဲ စသဖြင့် စာအုပ်ထဲ ချရေးသင့်ပါတယ်။

၉။ ကိုယ့်ကိုကိုယ် အားပေးပါ

ကိုယ့် အားသာချက်တွေ၊ ကိုယ့်ကိုကိုယ် တော်ကြောင်း တန်ဖိုးထားကြောင်း မနက်ခင်းမှာ သတိပေးသင့်ပါတယ်။

၁၀။ အသားအရေကို ဂရုစိုက်ပါ

မနက်ခင်းကနေ စပြီး အလှဆုံး ဖြစ်နေစေဖို့ ကိုယ့်အသားအရေကို ဂရုစိုက်ပေးသင့်ပါတယ်။

၁၁။ ရေသောက်ပါ

ကော်ဖီ မသောက်ခင် ရေအရင်သောက်သင့်ပါတယ်။ ရေသောက်ပေးတာကြောင့် အဆိပ်အတောက်တွေ ပါသွားစေပါတယ်။

၁၂။ လေကောင်းလေသန့်ရှူပါ

မနက်ခင်း လေကောင်း လေသန့်က သင့်စိတ်ကို ကြည်လင်စေမှာပါ။

Photo Source: Pinterest
By MyStyle Myanmar