ခန္ဓာကိုယ်အချိုးအစားကို ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပြီး ဝိတ်တွေစချဖို့ Plan တွေဆွဲနေပြီလား ။ ဝိတ်တွေချဖို့ ရှိနေဖို့အတွက် မနက်ခင်းမှာအဆီပိုတွေကိုသင့်ခန္ဓာကိုယ်ကနေ ဖယ်ရှားဖို့လည်းလိုအပ်တယ်နော်။ တစ်နေ့ကုန် လုပ်ဆောင်ရမဲ့အလုပ်တွေမလုပ်ခင် ဒီအချက်လေးတွေက ခန္ဓာကိုယ်အတွက်အဆီတွေမတက်နိုင်စေတဲ့အပြင် နေ့တိုင်းလုပ်ပေးနိုင်ရင် ကောင်းမွန်တဲ့အလေ့အကျင့်လေးတွေ ဖြစ်လာပြီး ဝိတ်လည်းကျစေမှာဖြစ်ပါတယ်။

ရေသောက်ပါ

မနက်ခင်းနိုးနိုးခြင်း ရေတစ်ခွက်သောက်ပေးခြင်းက အစားစာအများကြီးစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ အူလမ်းကြောင်းကိုလည်း ရှင်းပေးနိုင်တဲ့ ဝမ်းချုပ်ခြင်းမှလည်း သက်သာစေနိုင်ပါတယ်။ ရေများများသောက်ခြင်းကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးနိုင်ပါတယ်။

အဆီအဆိမ့်တွေမစားပါနဲ့ 

နိုးနိုးခြင်းမှာ အဆီများတဲ့အစားစားတွေစားမိပါက ဝိတ်မကျစေနိုင်တဲ့အပြင် အဆီတွေပိုထွက်ဖို့တွန်းအားပေးသလို ဖြစ်စေနိုင်ပါတယ်။ ပရိုတိန်းဓာတ်များတဲ့အစားစာတွေကိုသာ ရွေးချယ်စားပေးပါ။ မနက်စာကခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ အကျိုးပြုအစာဖြစ်တဲ့အတွက်အရမ်းအရေးကြီးပါတယ်။ ဝိတ်ကျချင်တဲ့စိတ်များပြီး ဘာမှမစားပဲနဲ့မနေပါနဲ့နော်။

နေရောင်ခြည်နဲ့ထိတွေ့ပါ

မနက်ခင်းရဲ့နေရောင်ခြည်က ကိုယ်ခန္ဓာအတွက် Energy လည်းဖြစ်စေပါတယ်။ နေရောင်ခြည်အောက်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးတာမျိုးဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ပေးတာမျိုးဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ နေရောင်ခြည်ရဲ့ ဗီတာမင်ဓာတ်က ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေကိုလည်း လျော့ချအောင်လုပ်ပေးနိုင်ပါတယ်။

Photo Source – Free Pik