ကျွန်တော်တို့အားလုံးဟာ မနက်တိုင်း အိပ်ရာက နိုးထပြီး လုပ်စရာရှိတာတွေ လုပ်ကြရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ မနက်ခင်းတွေမှာ ပုံမှန်ဆိုသလို ကျန်းမာရေးနဲ့မညီညွတ်တာတွေ လုပ်နေမိတတ်ပါတယ်။ ကဲ ဘယ်လိုမျိုးအရာတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) နေရောင်နဲ့ မတွေ့ရခြင်း

Photo : Interaktywna.pl

ထွန်းသစ်စ မနက်ခင်း နေခြည်နုအောက်မှာ ကျွန်တော်တို့ စိတ်လိုလက်ရ မရပ်နိုင်ခဲ့တာ ဘယ်လောက် ကြာပြီလဲ။ မနက်စော သဘာဝနေရောင်ခြည်နဲ့ မိနစ် ၂၀-၃၀ လောက်မှ မထိတွေ့ခဲ့တဲ့ အချိန်တွေ ပြန်စဉ်းစားကြည့်လိုက်ပါ။

(၂) ရေမသောက်ခြင်း

Source : Women’s Health

မနက်အိပ်ရာထ ရေဓါတ်ဖြည့်တင်းခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူး သိပ်များပါတယ်။ မနက်ခင်း ရေ ၃ ခွက်လောက် သောက်ခြင်းဟာ လူကို ပိုပြီး သွက်လက်ပေါ့ပါးစေသလို သက်လုံကောင်းပြီး ပိုပြီးကျန်းမာလာစေနိုင်ပါတယ်။

(၃) မနက်စာကောင်းကောင်း မစားခြင်း

Source : Flipboard

အာဟာရပြည့်ပြည့် မနက်စာတစ်ခွက်ဟာ တစ်နေ့တာ စွမ်းအင်အပြည့်ပေးဖို့ လောင်စာထည့်လိုက်တာပါပဲ။ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတိန်းတို့ ပါတဲ့ မနက်စာကောင်းကောင်းစားပြီးမှ အလုပ်လုပ်ဖို့ အကြံပေးချင်ပါတယ်။

(၄) စိတ်ကို အေးချမ်းအောင် မထားခြင်း

Photo : Viusasa News

အိပ်ရာက နိုးလာကတည်းက အလုပ်ကိစ္စတွေ ခေါင်းထဲရောက်ပြီး အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ ပူလောင်နေရတယ်ဆိုရင် မဟန်ပါဘူး။ စိတ်ငြိမ်းချမ်းကြည်လင်အောင် မနက်ခင်းမှာ တိတ်ဆိတ်ရာနေပြီး စိတ်ကို သတိနဲ့ နေထိုင်ခြင်း ၊ အသက်ရှုမှုမှာ အာရုံကပ်ခြင်းနဲ့ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် နေသင့်ပါတယ်။