နေ့ရက်တိုင်းမှာ တစ်နေကုန်လန်းဆန်းတက်ကြွနေဖို့အတွက် မနက်ခင်းမှာပြုမူတဲ့အရာတွေက သိပ်ကိုအရေးကြီးလှပါတယ်။ ဒါမှလည်း စိတ်ကြည်ပြီး တစ်နေကုန် ဘာလုပ်လုပ်အဆင်ပြေမယ်၊ ပေါ့ပါးသွက်လက်နေမှာပဲ့ဖြစ်ပါတယ်။ ဒီလိုတစ်နေကုန်လန်းဆန်းပြီး တက်ကြွနေဖို့အတွက် မနက်အိပ်ယာနိုးတာနဲ့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတချို့ကို မျှဝေပေးချင်ပါတယ်။ မနက်ခင်း အိပ်ယာနိုးနိုးချင်း အိပ်ယာပေါ်မှာ လုပ်လိုက်ရုံပဲ့မို့လို့ Must Do ပါနော်…

ပုံမှာပြထားတဲ့ အနေအထားအတိုင်းနေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်း၊ ရှူထုတ် ၁၀ ကြိမ် ပြုလုပ်ပေးပါ။

ပုံမှာပြထားတဲ့ အနေအထားအတိုင်း စက္ကန့် ၂၀ ရအောင်နေပြီး စက္ကန့် ၃၀ နားပါ။ ဒီအတိုင်း ၃ ကြိမ်လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်ကိုမြှောက်ပြီး လက်နဲ့ခြေဖဝါးကိုထိအောင် ကိုင်ထားရမှာပါ။ ဒီအနေအထားအတိုင်းနေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်း၊ ရှူထုတ် ၁၀ ကြိမ် ပြုလုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းစီ ပြန်ချပါ။ ဒီအတိုင်း ၃ ကြိမ်ရအောင်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း လက်ကိုကပ်ထားပြီး ခြေထောက်ကိုလည်း ၉၀ ဒီဂရီ တန်းနေအောင် ဆန့်ထားရပါမယ်။ ပြီးရင် ခြေထောက်ကို ဖြေးဖြေးချင်းစီ ပြန်ချပါ။ ဒီပုံစံအတိုင်း ၁၀ ကြိမ်ရအောင် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့ အနေအထား ၃ မျိုးလုံးကို တစ်လှည့်စီရအောင် လုပ်ပေးပါ။ တစ်မျိုးကို ၃ ကြိမ်စီလုပ်ပေးရမှာပါ။

နောက်ဆုံးမှာတော့ ပုံမှာပြထားသလို ခြေထောက်ကို ဆန့်တန်းပြီးလှဲလိုက်ပါ။ လက်နှစ်ဖက်ကိုလည်း ကပ်ထားပါ။ ပြီးရင်တော့ မျက်လုံးမှိတ်ပြီး အသက်ကို ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။

အားလုံးပြီးသွားရင်တော့ စိတ်ကြည်လင်ပြီး ခန္ဓာကိုယ်ပေါ့ပါးစွာနဲ့ အိပ်ယာထနိုင်ပါပြီ။

Source: www.brightside.me