မနက်နိုးကတည်းက ထိုင်းမှိုင်းနေရင် တစ်နေ့တာလုံး မအီမသာနဲ့ စိတ်ရောကိုယ်ပါ ညစ်နွမ်းစေပါတယ်။ တစ်နေ့တာမှာ လန်းဆန်းတက်ကြွပြီး သွက်လက်ပေါ့ပါးနေဖို့က အရမ်းအရေးကြီးပါတယ်။ ဒါမှလည်း အလုပ်လုပ်ရတာရော၊ စာလုပ်ရတာရော အဆင်ပြေမှာပါ။ ဒါကြောင့် တစ်နေ့တာလုံး သွက်လက်ပေါ့ပါးနေစေဖို့ မနက်ခင်းမှာ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

Downward Facing Dog Pose

လက်ဖဝါးနဲ့ ကြမ်းကိုထောက်ပြီး ခြေဖဝါးကလည်း ကြမ်းနဲ့ကပ်ထားပေးပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁ မိနစ်နေပြီး ခဏနားပါ။ ပြီးရင် ထပ်လုပ်ပေးပါ။ အနည်းဆုံး ၃ မိနစ်လောက် လုပ်ပေးပါ။

Cat Cow Pose

ပုံမှာလုပ်ပြထားတဲ့ ပုံစံ ၂ မျိုးကို ဆက်တိုက် တစ်လှည့်စီ လုပ်ပေးရမှာပါ။ ၂ မျိုးလုံးပြီးမှ တစ်ကြိမ်လို့သတ်မှတ်ရပါမယ်။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။

One Legged Dog Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို မြှောက်ထားရာကနေ ဖြေးဖြေးချင်းစီ ပြန်ချ၊ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်၊ အကြိမ် ၂၀ လုပ်ပေးပါ။

Standing Forward Bend Pose

ခြေထောက်ကိုဆန့်ထားပြီး ကိုယ်ကုန်းနိုင်တဲ့ အနေအထားရတဲ့အထိ ကုန်းပေးပါ။ စစချင်းကတော့ ပုံမှာလုပ်ပြထားသလောက် ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြေးဖြေးချင်းစီလုပ်ရင်းနဲ့ပဲ နောက်ပိုင်းကျရင် အကြောတွေပျော့ပြီး ရလာပါလိမ့်မယ်။ အဲ့တိုင်း အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပြီး ၁ မိနစ်နေပေးပါ။

Child Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၃ မိနစ်လောက်နေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

Warrior I Pose

ပုံမှာလုပ်ပြထားသလို ခြေထောက်ကို ဘယ်ညာပြောင်းပြီး ကွေးကာ လုပ်ပေးရမှာပါ။ အဲ့အတိုင်း ၁ မိနစ်၊ ၂ မိနစ်လောက်နေပြီး အချိန်ပြည့်မှ ခြေထောက်ကို ဘယ်ညာပုံစံပြောင်းကာ နောက်ထပ် ၁ မိနစ်၊ ၂ မိနစ် ထပ်နေပေးရမှာ ဖြစ်ပါတယ်။