တစ်နေ့တာလုံး စိတ်ကြည်လင်နေဖို့ မနက်ပိုင်းမှာ လုပ်နေကျအလေ့အကျင့်တွေကလည်း အရေးပါပါတယ်။ မနက်ပိုင်းမှာစိတ်မကြည်တဲ့အခါ တစ်နေ့လုံးစိတ်ညစ်ရတာမျိုးထိဖြစ်တတ်ပါတယ်။ ပျိုမေတို့အနေနဲ့လည်း တစ်နေကုန် အကြည်ဓာတ်ရနေစေဖို့ မနက်တိုင်းအလှအပနဲ့ဆိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့်တစ်နေ့လုံး ကြည့်ကောင်းနေဖို့ မနက်တိုင်းလုပ်ထားသင့်တဲ့ အမူအကျင့်တွေကိုကြည့်လိုက်ရအောင်။

၁။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ မနက်စာစားပါ

Photo Source: Shutterstock

လေ့လာမှုတွေအရ ပရိုတင်းဓာတ်ပါတဲ့မနက်စာစားလေ့ရှိတဲ့ ပျိုမေတွေဟာ တစ်နေ့တာမှာ ပိုကောင်းတဲ့ရွေးချယ်မှုတွေလုပ်နိုင်ကြပါတယ်။ ပရိုတင်းဓာတ်ဟာ အသားအရည်ကိုလည်းပိုကြည်လင်စေသလို ဝိတ်ချဖို့အတွက်လဲ အထောက်အကူဖြစ်ပါတယ်။ ပရိုတင်းဓာတ်အများဆုံးပါဝင်တဲ့ အစားအသောက်တွေကတော့ ကြက်ဥနဲ့ Greek Yogurt ပါ။

၂။ မနက်တိုင်း Sunscreen လိမ်းဖို့မမေ့ပါနဲ့

နေလောင်ဒဏ်ကနေကာကွယ်ဖို့အပြင် အိုမင်းရင့်ရော်မှုကိုထိန်းနိုင်ဖို့အတွက် Sunscreen နေ့တိုင်းလိမ်းပေးသင့်ပါတယ်။ နေပူထဲထွက်ရတဲ့နေ့တွေမှာ နှစ်နာရီခြားတစ်ခါ ထပ်လိမ်းတာမျိုးလုပ်သင့်ပါတယ်။ အပြင်မထွက်ဖြစ်လည်း မနက်တိုင်းလိမ်းထားသင့်ပါတယ်။

၃။ Antioxidant ကြွယ်ဝတဲ့ Serum တစ်ခုခုလိမ်းပါ

Serum ပုံမှန်လိမ်းပေးတာက အသားအရေ စိုပြေပြီးတော့ တင်းတင်းရင်းရင်းလေးဖြစ်စေပါတယ်။ အသက်နှစ်ဆယ်လောက်ကတည်းက စလိမ်းမှ အသက်ကြီးလာတဲ့အခါမှာ အရွယ်တင်နုပျိုစေမှာပါ။

၄။ မနက်ပိုင်းလေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် အသားအရေကြည်လင်စေပါတယ်။ နေ့လည်ခင်း အလုပ်တွေပြီးတဲ့အချိန်ပင်ပန်းလို့ အားကစားမလုပ်နိုင်တော့တဲ့သူတွေအနေနဲ့ မနက်ပိုင်းပြောင်းလုပ်ကြည့်သင့်ပါတယ်။

၅။ အလုပ်မလုပ်ခင် ရေတစ်ခွက် အရင်သောက်ပါ

မနက်တိုင်းရေတစ်ခွက်ပုံမှန်သောက်ပေးခြင်းက ရေဓာတ်ခန်းခြောက်မှုကိုလည်းကာကွယ်နိုင်သလို အသားအရေကိုလဲကြည်လင်စေပါတယ်။

၆။ မျက်နှာပေါ်ကိုအရင်ဆုံး ရေငွေ့အေးအေးလေးဖြန်းပေးပါ

အိပ်ရာကနိုးနိုးချင်း မျက်နှာပေါ်ရေငွေ့အေးအေးနဲ့ဖြန်းတာက အောက်မျက်ကွင်းဖောင်းတာ မျက်နှာမကြည်မလင်ဖြစ်တာတွေကို အချိန်တိုတိုနဲ့သက်သာစေပါတယ်။ လန်းလန်းဆန်းဆန်း အိပ်ရာထနိုင်ဖို့လည်း အထောက်အကူဖြစ်ပါတယ်။

၇။ ကဖင်းဓာတ်ရဖို့ Green Tea တစ်ခွက်သောက်ပါ

မနက်တိုင်း Green Tea တစ်ခွက်သောက်တာက ဆဲလ်ပျက်စီးမှုကိုလျော့ချပေးပြီးတော့ ကျန်းမာနုပျိုစေပါတယ်။ ကဖင်းဓာတ်ပါဝင်တာကြောင့် အသားအရေအတွက်ကောင်းသလို စိတ်ကိုလည်းကြည်လင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar