အရင်ထက်ပိုတောက်ပပြီး လှပသွားစေမယ့် Instagram Filter Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်းပြင်ဆင်ဖို့ဆိုလည်း အဆင်ပြေတဲ့ Look လေးဖြစ်ပါတယ်။

အရင်ဆုံး အောက်ခံ Foundation လိမ်းပါမယ်။

မျက်ကွင်းညိုတဲ့နေရာနဲ့ အသားအရောင်မညီတဲ့နေရာတွေကို Concealer လိမ်းပါမယ်။

Powder Pact လိမ်းပါမယ်။ ပွတ်မလိမ်းပဲနဲ့ ဖိဖိပြီး သေချာလိမ်းပေးပါ။ ဒါမှ မိတ်ကပ်သားညက်ပြီး လှမှာပါ။

နှာတံဖော်ပြီး မေးရိုးနည်းနည်းချပါမယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကိုသုံးပြီး ဆွဲပေးပါ။ ပြီးရင် Setting Spray ဖြန်းပါမယ်။

ပန်းရောင်ဘက်သွားတဲ့ Eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားတွေကိုလည်း ခြယ်ပေးပါ။

အသားရောင်ဘက်သွားတဲ့ Eyeshadow ကို ထပ်ခြယ်ပါမယ်။ မျက်ခွံမှာရော မျက်လုံးအောက်နားကိုရော ခုနကလိုပဲ ထပ်ခြယ်မှာပါ။

Eyeliner ကို မျက်လုံးအတွင်းနားကပ်ပြီး မျှင်မျှင်လေးဆွဲပါမယ်။ မျက်လုံးအောက်နားထောင့်ကိုပါ ပုံမှာဆွဲပြထားသလို ဆွဲပေးပါ။

Glitter Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။

ရွှေရောင် Liquid Glitter Eyeshadow ကို မျက်လုံးအောက်နားလေးမှာ ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်အပြင် အောက်မျက်တောင်ကိုလည်း ကော့ပေးပါ။

ပါးနီကို ပန်းရောင်ခြယ်ပါမယ်။ Instagram Filter Makeup Look ဆိုတော့ နှာခေါင်းထိပ်အောက်နားလေးကိုပါ နည်းနည်းခြယ်ပေးပါ။

နှုတ်ခမ်းနီကို လိမ္မော်ညိုရောင်လေး ဆိုးထားပါတယ်။

ဒါဆိုရင်တော့ အရင်ထက် ပိုတောက်ပပြီးလှသွားစေမယ့် Instagram Filter Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။