Mookda Narinrak ကိုတော့ ထိုင်းဇာတ်ကားကြိုက်တဲ့ ပရိတ်သတ်တိုင်း သိကြမှာပါ။ Mookda Narinrak က မော်ဒယ်၊ သရုပ်ဆောင် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူမရဲ့ ဆွဲဆောင်မှု ရှိပြီး ချစ်ဖို့ ကောင်းတဲ့ မျက်နှာကျ အပြင် ဘက်စုံထူးချွန်တာကြောင့် လူသိများပါတယ်။ အနုပညာ အသိအမှတ်ပြု ဆုပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသူပါ။

Mookda Narinrak က ဂျပန်မှာ မော်ဒယ်လုပ်ဖူးသူကြောင့် သူမ ဝတ်သမျှက အထာကျနေတတ်ပါတယ်။

Mookda ရဲ့ထူးခြားမှုကတော့ သူမရဲ့ ဘုရားပေးတဲ့ ကျက်သရေရှိမှုနဲ့ ဆွဲဆောင်မှုရှိခြင်းပါ။ ဒီတစ်ခေါက်မှာတော့ ကျက်သရေရှိရှိ လှချင်တဲ့ မိန်းကလေးတွေ နမူနာယူနိုင်ဖို့ Mookda ရဲ့ Elegant Outfit Idea တွေကို ဖော်ပြပါရစေ။

Mookda Narinrak က Clean Look ကို ပိုင်နိုင်စွာ ပြင်ဆင်တတ်သူပါ။

သူမက ဆံပင်ကို အပြောင်စည်းထားတာ၊ ကျောနောက်မှာ ဆံပင်ချထားတာတွေ လုပ်တတ်ပါတယ်။

ဒါ့အပြင် သူမရဲ့ Accessories ရွေးချယ်တတ်မှုကြောင့် ကျက်သရေရှိတာထက် ပိုတဲ့ အလှကို မြင်ရမှာပါ။

ကျက်သရေ ရှိရှိ လှချင်တဲ့ ပျိုမေတို့အနေနဲ့ သေသပ်စွာ မိတ်ကပ်လိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။

နောက်ဆုံးလိုအပ်တာကတော့ Mookda Narinrak လို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပါ။ သူမရဲ့ ပြင်းပြတဲ့ ယုံကြည်ချက်ရှိခြင်းကို သူမရဲ့ ဓာတ်ပုံတွေတဆင့် မြင်နိုင်ပါတယ်။

ဒီတော့ ပုလဲလုံးလေး Mookda ရဲ့ ပရိတ်သတ်တွေအတွက် သူမရဲ့ ဖက်ရှင်တွေကို ဆက်ကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest

By MyStyle Myanmar