ကျန်းမာစိုပြေတဲ့အသားအရေလှတာကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ အခုလို စိုထိုင်းထိုင်း မိုးရာသီရောက်လာပြီဆိုတော့ အသားအရေနုပျိုကျန်းမာစေဖို့ ဘယ်လိုဂရုစိုက်ထိန်းသိမ်းသင့်သလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ သင့်အသားအရေပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ တစ်နေ့ ၃ ကြိမ်ခန့် သန့်စင်ပါ။

၂။ အရက်ပျံမပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပေးသင့်ပါတယ်။ ဒါမှ အသားအရေရဲ့ PH ပမာဏ မျှတပြီး အသားအရေလေး Glow ဖြစ်လာစေမှာပါနော်။

၃။ မိုးရာသီက သင့်အသားကိုခြောက်သွေ့စေပြီး အသားအရေအတွက်မကောင်းပါဘူး။ ဒါ့ကြောင့် အသားအရေစိုပြေစေဖို့ Lotion လိမ်းပေးသင့်သလို မျက်နှာအသားအရေကိုလည်း Moisturizer လိမ်းပေးသင့်ပါတယ်။

၄။ သင်ဟာ အဆီပြန်တတ်တဲ့အသားအရေမျိုးဖြစ်တယ်ဆိုရင်တော့ သင့်ရဲ့ Moisturizer မှာ ရေဓာတ်များများပါတာကို သုံးပေးသင့်ပါတယ်။

၅။ ရေနွေးပူပူနဲ့ရေချိုးတာက သင့်အသားအရေကို ပျက်စီးစေတာမို့ ပုံမှန်လောက်အေးတဲ့ရေနဲ့ ရေချိုးပေးသင့်ပါတယ်။

၆။ မိုးတွင်းဆိုပေမယ့်  UV ray တွေက ရှိနေတာကြောင့် Sunscreen ကိုလိမ်းပေးပါ။ ဒါမှမဟုတ် SPF ပါတာကိုလိမ်းပါ။

၇။ မိုးတွင်းမှာ မှိုဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့ အလှကုန်ပစ္စည်းတွေကို သေချာဂရုစိုက်ပါ။ အလှကုန်ပစ္စည်းတွေက သင့်အသားအရေနဲ့ ထိတွေ့နေတာဆိုတော့ အသားအရေ ပျက်စီးနိုင်ပါတယ်နော်။

၈။ အိပ်ရေးဝဝအိပ်ပေးပါ။ မိုးအေးအေးဆိုတော့ အိပ်ကောင်းမယ်ထင်ပါတယ်။ အိပ်ရေးဝအောင်အိပ်တာက အသားအရေလှပစေတဲ့နည်းလမ်းတစ်ခုပါပဲ။

၉။ အာဟာရမျှတအောင်စားပေးသင့်ပါတယ်။ ခန္ဓာကိုယ်အပြင်းကိုသာမက အတွင်းပိုင်းလည်းကျန်းမာအောင် အာဟာရမျှတအောင်စားပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။

၁၀။ သဘာဝပစ္စည်းတွေနဲ့ အသားအရေကို ပေါင်းတင်ပေးနိုင်ပါတယ်။