သင်က နှစ်သက်တဲ့ အရောင် ဝတ်ပြီး သင့်အကြောင်းကို ပြောပြချင်သူ ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တစ်ကိုယ်လုံးစာ အရောင်တစ်ရောင်တည်း ဝတ်နိုင်တဲ့ အရောင်ရှိသလို ဝတ်လို့ အဆင်မပြေတဲ့ အရောင်လည်း ရှိပါတယ်။ ဥပမာ- အဝါရောင်ကို တစ်ကိုယ်လုံးစာ မတွေးမိဘဲ ဝတ်လိုက်မယ်ဆိုရင် တစ်ခါတလေ ငှက်ပျောသီးနဲ့ တူသွားပါလိမ့်မယ်။ ဒီလို မဖြစ်ရအောင် ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်လုံးစာ တစ်ရောင်တည်း ဝတ်လည်း အူကြောင်ကြောင် ပုံစံမဖြစ်စေမယ့် အရောင်တွေနဲ့ ဝတ်ဆင်ပုံ ဖက်ရှင်တွေကို ဖော်ပြပါရစေ။

အစိမ်းရောင်

အစိမ်းကိုမှ အရောင်အနုက တစ်ရောင်တည်း ဝတ်လိုက်တဲ့အချိန် သင့်ကို ပိုထူးခြားစေပါတယ်။ ပိုလှသွားစေပါလိမ့်မယ်။ သင်က အစိမ်းရောင်အနုကို သဘောကျတယ်ဆိုရင် ဒီပုံစံတွေအတိုင်း ဝတ်ကြည့်နိုင်ပါတယ်။

အနက်ရောင်

အနက်ရောင်က ဘယ်လောက်လန်းလဲ ပြောစရာ မလိုလောက်တော့ပါဘူးနော်။ သင်ကိုယ်တိုင် တစ်ကိုယ်လုံးစာ အနက်ရောင် ဝတ်ဖူးမှာပါ။ အနက်ရောင်က ကိုယ်လုံး ပိုသွယ်တယ် ထင်ရစေပြီး ခပ်မိုက်မိုက် ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

အပြာ

အပြာအနုကလည်း အစိမ်းနုလိုပဲ လူငယ်တွေကြား ရေပန်းစားလာတဲ့ အရောင်ဖြစ်ပါတယ်။ ချစ်ခြင်းသင်္ကေတကို ကိုယ်စားပြုတဲ့ အပြာရောင် အနု ဖက်ရှင်ကို ချစ်သူ/Crush နဲ့ ဒိတ်တဲ့အချိန် ဝတ်သွားရင်လည်း ထူးထူးခြားခြား လှနေပါလိမ့်မယ်။

ပန်းရောင်

ပန်းရောင် Crazy ကောင်မလေးတွေအတွက် သတင်းကောင်းပါပဲ။ ဒီသတင်းကောင်းကတော့ ပန်းရောင်က တစ်ကိုယ်လုံး ဝတ်လည်း လှတဲ့အထဲ ပါနေလို့ပါ။ ပန်းရောင်က ရှက်သွေးဖြာပြီး မိန်းကလေး ပိုဆန်စေတဲ့ အရောင်ပါ။ စကပ်၊ ဂါဝန် ပန်းရောင်လေးတွေက လူကြားထဲ ထူးခြားနေစေမယ့် ဖက်ရှင်တွေပါ။

Cream

Cream Colour က အဖြူရောင်ထပ် တစ်ဆင့် အနည်းငယ် ပိုဝါတဲ့ဘက် သွားတဲ့ အရောင်ပါ။ သင်က အဖြူရောင်ကို တောက်လွန်းတယ် ထင်ရင် Cream Colour ကို ရွေးချယ်သင့်ပါတယ်။ ဒီ အရောင်က Classic ဆန်ဆန် လှချင်တဲ့ Lady တွေ ရွေးသင့်တဲ့ အရောင်ပါ။

အညိုရောင်

အညိုရောင်ကိုလည်း Monochromatic ထဲမှာ မေ့ထားလို့ မရပါဘူး။ အညိုရောင် ဘောင်းဘီ၊ ဝတ်စကုတ်တွေက ပျိုမေတွေ အဝယ်များလာတဲ့ Fashion Item တွေပါ။ ဒီတော့ သင်လည်း ခေတ်နောက်မကျရအောင် အညိုရောင်ကို တစ်ကိုယ်လုံး ဝတ်ပြီး လန်းနိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar