တစ်ခါတစ်လေ လမ်းပေါ်မှာ ဖြစ်ဖြစ် အထက်အောက် ဆင်တူကာလာနဲ့ စမတ်ကျနေတဲ့ သူတွေ မြင်ဖူးကြမှာပါ။ အပေါ်‌အောက် ကာလာတစ်ဆင်တည်းသုံးပြီး ဝတ်ထားတာမျိုးကို Monochromatic Outfit လို့ ပြောကြပါတယ်။

Monochromatic Outfit တွေဟာ အမြင်အာရုံကို လွှမ်းမိုးမှု ရှိပါတယ်။ တစ်ဆင်တည်းကာလာအတွဲကြောင့် အံ့ဩစရာကောင်းတဲ့ ဖက်ရှင်တွေ ဖြစ်လာပါတယ်။

သင့်အနေနဲ့ Monochrome တွေ ဝတ်မယ်ဆိုရင် ဆွဲငင်အားကောင်းစေဖို့ အခုပြောတဲ့ ကာလာတွေကို ပင်တိုင်ထား စဉ်းစားသင့်ပါတယ်။

(၁) All Black

All Black ဟာ လူငယ်လူလတ်ပိုင်းအကြိုက် Outfit စတိုင်ပါ။ တီရှပ်အနက်အပေါ်မှာ လယ်သာဂျက်ကတ်အနက်ဖြစ်စေ ဂျင်းဂျာကင်အနက်ဖြစ်စေ ဝတ်သင့်ပါတယ်။ အောက်ပိုင်းမှာတော့ Sneaker အနက်နဲ့ ဂျင်းဘောင်းဘီအနက် တွဲဝတ်ရင် ခပ်မိုက်မိုက် ဖက်ရှင်ထွက်လာပါလိမ့်မယ်။

(၂) All Blue

ဝတ်တတ်ရင် All Blue Outfit ဟာ အများနဲ့ ကွဲပြားစေတဲ့ အားရှိပါတယ်။ နက်ပြာရင့်ကာလာမျိုးက ပိုကောင်းပါတယ်။ စမတ်ကျတဲ့ Formal စတိုင်မျိုးအတွက်ဆိုရင် Dark Navy Suit ကို ရှပ်အပြာဖျော့နဲ့ တွဲဝတ်ပေးသင့်ပါတယ်။

(၃) All Grey

သက်တောင့်သက်သာရှိပြီး သိပ်လည်း တောက်ပ မနေချင်ရင်တော့ All Grey စတိုင်ဖက်ရှင်မျိုး စဉ်းစားသင့်ပါတယ်။ Grey ကာလာမှာလည်း ရောင်ပြေး Shade တွေက အမျိုးမျိုး ရှိပါတယ်။ ခပ်ဖျော့ဖျော့ မီးခိုးတစ်ဆင်တည်းမျိုးက သင့်ရဲ့ ထူးခြားမှုကို ပြနိုင်ပါတယ်။ Sneakers အဖြူနဲ့ တွဲဝတ်နိုင်ပါတယ်။

(၄) All Green

သံလွင်စိမ်းလို အစိမ်းရင့် Shade ထိုးတဲ့ ကာလာမျိုးက သန့်ပြန့်တဲ့ ကာလာ ဖြစ်ပါတယ်။ အစိမ်းရင့်ရင့် ဒါမှမဟုတ် အစိမ်းဖျော့ဖျော့ ကာလာတွေ တွဲဝတ်သင့်ပါတယ်။

(၅) All Neutrals

ကာလာတစ်ခုနဲ့ တစ်ခု အရောင်သိပ်မကွာတဲ့ ဖက်ရှင်မျိုးနဲ့ Monochromatic Outfit ဝတ်ချင်တယ်ဆိုရင်လည်း ကောင်းပါတယ်။ အနက်ရောင် ၊ မီးခိုးနဲ့ အဖြူရောင်တို့ဟာ Neutral Colors တွေထဲမှာ ပါပါတယ်။

အညိုဖျော့ရောင် ၊ သနပ်ခါးဖျော့ရောင်တို့ကိုလည်း Neutral Color ထဲမှာ ထည့်ပါတယ်။ Neutral ဖက်ရှင်ကတော့ နေရာမရွေး အချိန်အခါမရွေး ဝတ်လို့ကောင်းတဲ့ ဖက်ရှင် ဖြစ်ပါတယ်။