အသားအရေက အဆီပြန်နေတာကိုမှ Moisturizer လိမ်းတာက အသားအရေကို ပိုပြီးဆီပြန်စေလိမ်မယ်လို့ တချို့ကတွေးတတ်ကြပါတယ်။ တကယ်တော့ Moisturizers က ခြောက်သွေ့တဲ့အသားအရေမှမဟုတ်ဘဲ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေလည်း လိုအပ်ပါတယ်။ Moisturizer က ဝက်ခြံပေါက်နိုင်ခြေကို လျှော့ချပေးနိုင်သလို ရေဓာတ်ပြည့်ဝစေပြီး အသားအရေကို လန်းဆန်းစေပါတယ်။

ဒါကတော့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ ရွေးသင့်တဲ့ အဆီပြန်တာကိုသက်သာစေမယ့် Moisturizers ( 7 ) မျိုးပါ။

Neutrogena Hydro Boost Gel Cream

ဂျယ်လ်ကိုအခြေခံထားတဲ့ Neutrogena က အသားအရေကို အဆီပြန်ခြင်းမရှိစေဘဲ ၄၈ နာရီကြာ အစိုဓာတ်ကို ထိန်းပေးနိုင်တာမလို့ အဆီပြန်သူများနဲ့ ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်များနဲ့ သင့်တော်ပါတယ်။

Lacto Calamine Oil Balance Face Care Lotion

ဒီ Moisturizer က လိမ်းတဲ့အခါ အဆီဓာတ်မကျန်ဘဲ အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားတာမလို့ ချွေးပေါက်တွေကိုလည်း မပိတ်ဆို့စေပါဘူး။ ဒါ့အပြင် အသားအရေမှာရှိတဲ့ အဆီတွေကို ထိန်းညှိပေးပြီး နုပျိုမှုကို ထိန်းသိမ်းပေးပါတယ်။

Earth Rhythm Phyto-Gel

Centella asiatica နဲ့ chlorophyll တို့လို ထူးခြားဆန်းပြားတဲ့ ပါဝင်ပစ္စည်းများနဲ့ ပေါင်းစပ်ထားတဲ့ ဒီ Moisturizer က အရေပြားဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို သဘာဝအတိုင်း တောက်ပလာစေသလို အိမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာများကို တိုက်ဖျက်ပေးပါတယ်။

Minimalist 0.3% Ceramide Moisturizing Gel Cream For Barrier Repair

အဆီပြန်တဲ့ အသားအရေအတွက် ပေါ့ပါးတဲ့ Moisturizer ကို ရှာနေတယ်ဆိုရင် Minimalist ကို သုံးကြည့်ပါ။ ဒီ Moisturizer က အသားအရေကို ထိန်းသိမ်းပေးပြီး ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့ Ursolic acid လည်း ပါဝင်ပါတယ်။

Forest Essentials Light Day Lotion Lavender & Neroli

အသားအရေကို ​​ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ SPF 25 ပါတဲ့ ဒီ Moisturizer က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အတွင်းထဲနေ အာဟာရဖြည့်ပေးတာကြောင့် အသားအရေကို ပြန်လည်နုပျိုစေပါတယ်။

CeraVe Hyaluronic Acid Face Serum

သုံးစွဲသူ 98 ရာခိုင်နှုန်းကျော်က တစ်လအတွင်း သိသာတဲ့ရလဒ်ကို ရလာတယ်လို့ Recommend ပေးတဲ့ ဒီ Moisturizer ကလည်း အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ စမ်းကြည့်သင့်ပါတယ်။

Dot & Key Vitamin C + E Super Bright Moisturizer

ဗီတာမင် C ကြွယ်ဝတဲ့ ပါဝင်ပစ္စည်းများနဲ့လုပ်ထားတဲ့ ဒီ Moisturizer က မျက်နှာက အမဲစက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သူ့ရဲ့ အားသာချက်ကတော့ အသားအရေအမျိုးအစားအားလုံးနဲ့ ကိုက်ညီမှုရှိပါတယ်။