ချစ်ရသူနဲ့ ချိန်းတွေ့ရင် သင်က အလှဆုံး ဖြစ်ချင်တယ်ဆိုရင် ဒီအကြောင်းအရာကို ဆက်ဖတ်လိုက်ပါနော်။ သူနဲ့ ချိန်းတွေ့တဲ့ နေရာအလိုက် ကိုယ့်ရဲ့ ဖက်ရှင်ကိုလည်း အမျိုးမျိုး ဝတ်ဆင်နိုင်ပါတယ်။

ဒီတစ်ခေါက် ဖော်ပြတဲ့ ဖက်ရှင်ဝတ်ဆင်ပုံတွေကတော့ အသားအရေကို သိပ်မပြချင်တဲ့ ကောင်မလေးတွေနဲ့ သင့်တော်ပါတယ်။ ဖော်ပြပါ ဖက်ရှင်တွေကို လုံလုံခြုံခြုံနဲ့ ယုံကြည်မှု ရှိရှိ ဝတ်ဆင်နိုင်ပါတယ်။ ဒီတော့ ဘယ်လို ဖက်ရှင် ပုံစံတွေကို ဒိတ်တဲ့နေ့မှာ ဝတ်ဆင်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

Movie ဒိတ်တဲ့ နေ့တွေမှာ လုံလုံခြုံခြုံ ဝတ်နိုင်မယ့် ဝတ်ဆင်ပုံ

သူနဲ့ သွားရမယ့် နေရာက အချိန်အများစုမှာ အဲကွန်းဖွင့်ထားရတဲ့ နေရာတွေ ဆိုရင် အပြင်ထပ်ကို ဒါမျိုးလေး ဝတ်ဆင်သွားနိုင်ပါတယ်။ သင့်ဖက်ရှင်ကိုလည်း ပိုထူးခြားသွားစေပါတယ်။

အချစ်ရဲ့ အရောင် ဖြစ်တဲ့ အပြာရောင်ကိုလည်း စကပ်နဲ့ စတိုင်မိုက်မိုက် ဝတ်ဆင်နိုင်ပါတယ်။

မိန်းကလေးဆန်ဆန် ဖက်ရှင်ကို နှစ်သက်ပြီး ချစ်သူ ကောင်လေး ကို အသည်းတယားယား ဖြစ်စေချင်ရင် ဒီပုံစံကို ဝတ်ဆင်နိုင်ပါတယ်။

ပန်းရောင်လေးက မိန်းကလေးတိုင်းလိုလိုနဲ့ လိုက်ဖက်ပြီး ယောက်ျားလေး အများစု ကြိုက်တဲ့ အရောင်လည်း ဖြစ်ပါတယ်။

ဂါဝန်လေးနဲ့ အတူ ဆံပင်ကို စည်းထားတာကလည်း ချစ်ဖို့ ကောင်းပါတယ်။ ပူလာတဲ့အခါ အပေါ်ထပ်လေးကို ချွတ်ပြီး ဓာတ်ပုံပါ ရိုက်နိုင်ပါသေးတယ်။

ပေါ့ပေါ့ပါးပါးနဲ့ သင့်ကို သက်တောင့်သက်သာ ဖြစ်စေမယ့် Date ဝတ်စုံ

အနက်ရောင် အင်္ကျီကို ဝတ်မယ်ဆိုရင် အောက်ဘက် စကပ် အကွက်နဲ့ တွဲနိုင်ပါတယ်။

အင်္ကျီအပါး Crop နဲ့ အတူ အောက် ဘောင်းဘီရှည်က ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

အကွက် ဂါဝန်လေးကလည်း ဒိတ်တဲ့နေ့တွေမှာ ဝတ်ရ အဆင်ပြေတဲ့ ဖက်ရှင် ဖြစ်ပါတယ်။

ဘောင်းဘီရှည် ဂျင်းပြာနဲ့ အတူ အင်္ကျီအဖြူလေး ဝတ်မယ်ဆိုရင် ဘာမှတောင် သိပ်မလိုတော့ပါဘူး။

ဒိတ်တဲ့နေ့မှာ ကျက်သရေရှိရှိ ဝတ်ဆင်နိုင်မယ့် အဖြူရောင် ဂါဝန် ဖက်ရှင်

Picnic Date မှာ ဒီလို ကဗျာ ဆန်ဆန် ဝတ်ဆင်နိုင်ပါတယ်။

အဖြူရောင် အင်္ကျီကို အောက်ဘက် ဘောင်းဘီထဲ Tuck လုပ်ကာ ဝတ်တာကလည်း အိုင်ဒီယာကောင်းပါပဲ။

ကောင်လေးနဲ့ ဟိုနား ဒီနား သွားရုံပဲဆိုရင် အောက် ဘောင်းဘီအပွနဲ့ အပေါ် အင်္ကျီအပွကို ပေါ့ပေါ့ပါးပါး ဝတ်သွားနိုင်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar