အလုပ်ပြီးမြောက်ပြီး အမြဲ ထက်မြက်နေဖို့ သင့်အနေနဲ့ အမှီအခိုကင်းမှလည်း ရမှာပါ။ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ပြီး ဘယ်သူ့မှ အားမကိုးဘူးဆိုတဲ့ သူမှာ အခြေခံ တတ်ထားသင့်တဲ့ ပညာရပ်တွေ ရှိပါတယ်။ အခုဖော်ပြထားတဲ့ အရာတွေကတော့ ယနေ့ခေတ်မှာ အမှီအခိုကင်းကင်း နေချင်တဲ့ ပျိုမေတို့ တက်ကျွမ်းထားသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

၁။ ကွန်ပြူတာ ဘယ်လိုသုံးရမလဲ သိရမယ်

သင်က ကွန်ပြူတာကို သေချာ မသုံးတတ်သေးဘူးဆိုရင် သူများထက် ခေတ်နောက်ကျသွားပါလိမ့်မယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး သင့်အရည်အချင်းတွေက အမြဲ Up to Date ဖြစ်နေသင့်ပါတယ်။

၂။ Search Engine ကို ကျွမ်းကျင်ပါးနပ်စွာ သုံးနိုင်ရမယ်

ကွန်ပြူတာ သုံးတတ်သလို အင်တာနက်ပေါ်က အကြောင်းအရာတွေကို ကိုယ်စိတ်ကြိုက် ရှာဖွေနိုင်ဖို့ Google Search Engine နဲ့ တခြား Search Engine တွေကို သေချာသုံးတတ်သင့်ပါတယ်။ ဒီလို သုံးနိုင်ဖို့ လိုအပ်တဲ့ ဘာသာစကားကိုပါ တွဲဖက်လေ့လာသင့်ပါတယ်။

၃။ ကိုယ့်ရဲ့ လုံခြုံမှုကို ကာကွယ်ထားနိုင်ရမယ်

အင်တာနက်ပေါ်မှာ ကိုယ့်အကြောင်းတွေကို အလွယ်ရှာလို့မရအောင် ကြိုကာကွယ်လို့ ရတာတွေ ကြိုလုပ်ထားသင့်ပါတယ်။ အမြဲ သတိနဲ့ ကြိုလုပ်ထားသင့်ပါတယ်။

၄။ Basic First Aid တွေကို သိထားသင့်တယ်

ဥပမာ- CPR ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်။ ရုတ်တရက် ဖြစ်လာမယ့် ကျန်းမာရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ အမှီအခိုကင်းချင်သူအနေနဲ့ သိထားသင့်ပါတယ်။

၅။ အခြေခံ ချက်ပြုတ်ပညာ

ဒီကမ္ဘာမှာ ရှိတဲ့ လူအားလုံးနီးပါး အခြေခံ ဟင်းချက်ပြုတ်နည်းကို သိသင့်ပါတယ်။ ဥပမာ- ကြက်ဥဘယ်လို ကြော်ရမလဲ ဆိုပြီး သိတာမျိုးပါ။

၆။ ပါးနပ်စွာ တိုက်ခိုက်တတ်ဖို့

ရန်ပွဲဖြစ်လာပြီဆိုရင် ဘယ်လို နိုင်အောင် တိုက်ရမလဲ သိသင့်သလို ရန်ပွဲကို ဘယ်လို ကျွမ်းကျင်စွာ ရှောင်ရမလဲပါ သိထားသင့်ပါတယ်။

၇။ ကား တာယာလဲတတ်ဖို့

သင့်အနေနဲ့ ကားမောင်းရသူ အမျိုးသမီးတစ်ဦးဆိုရင် တာယာဘယ်လိုလဲရမလဲပါ အမျိုးသားတွေဆီက သင်ယူထားသင့်ပါတယ်။ ဒီလိုဆိုရင် ကား တစ်ခုခု ဖြစ်လာခဲ့ရင် သင်ကြောက်စရာ မလိုတော့ပါဘူး။

၈။ အလုပ်အင်တာဗျူးကို ကျွမ်းကျင်စွာ ဖြေနိုင်ရမယ်

သင်က အလုပ်အင်တာဗျူးကို အလုပ်ရှင် ကျေနပ်အောင် ဘယ်လို ဖြေရမလဲ လေ့လာထားရင် စိတ်လှုပ်ရှားစရာ မလိုတော့ပါဘူး။

၉။ အချိန်ကို ကျွမ်းကျင်စွာ စီမံ ခန့်ခွဲတတ်ပါစေ

သင်က တစ်ယောက်တည်း အမှီအခိုကင်းကင်း ရှင်သန်မှာမို့ အချိန်ကို ဘယ်လို အကျိုးရှိရှိသုံးရမလဲ သိထားသင့်ပါတယ်။

၁၀။ ပေါ့ပါးစွာ ခရီးသွားတတ်ပါစေ

ခရီးသွားတိုင်း ဟိုဟာလေး မပါရင် မနေတတ်ဘူးဆိုတဲ့ စိတ်နဲ့ ပစ္စည်းအများကြီး သယ်တာမျိုး ထပ်မလုပ်မိအောင် ကြိုလေ့ကျင့်သင့်ပါတယ်။

၁၁။ ရေကူးတတ်ပါစေ

ကမ္ဘာရဲ့ ၇၁ ရာခိုင်နှုန်းက ရေတွေနဲ့ ဖုံးလွှမ်းထားတာပါ။ ဒါကြောင့် ရေဘယ်လို ကူးရမလဲ မဖြစ်မနေ သိသင့်ပါတယ်။

၁၂။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ကို ရွေးတတ်ပါစေ

ဘယ်အသီးက ဘယ်အချိန်ဆို ကောင်းလဲ၊ ဘယ်လိုပုံစံဆို လတ်ဆတ်လဲ စတာတွေကို သင်ယူထားသင့်ပါတယ်။

၁၃။ တူဘယ်လို ကိုင်ရမလဲ သိအောင် လုပ်ပါ

တစ်ယောက်တည်း နေချင်တဲ့ ပျိုမေတို့အနေနဲ့ အိမ်မှာ လိုအပ်တာတွေ ပြင်ဆင်ဖို့ တူ ဘယ်လိုကိုင်ရမလဲပါ သိသင့်ပါတယ်။

၁၄။ Budget နဲ့ သုံးတတ်တာ

Budget နဲ့ သုံးတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်တာက လိုအပ်တဲ့ Skill တစ်ခုပါ။

၁၅။ ညှိနှိုင်းတတ်တဲ့ အတတ်ပညာ

တခြားသူက သင့်ကို အမြတ်ထုတ်သွားတာမျိုး သင်ဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိ ဖြစ်အောင် ညှိနှိုင်းပညာကို တက်ကျွမ်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar