ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးလူသိများတဲ့ အရာတွေကို ပြောကြတဲ့အခါမှာ ဇာတ်လမ်းတွဲတွေ၊ အစားအသောက်တွေ၊ ကေပေါ့တွေအပြင် သူတို့ရဲ့ ရိုးရာဝတ်စုံတွေကိုလည်း မေ့ထားခဲ့လို့မရပါဘူးနော်။ Hanbok လို့ခေါ်တဲ့ ကိုရီးယားဝတ်စုံတွေဟာ နန်းတွင်းဇာတ်လမ်းကားတွေကနေတဆင့် လူသိများလာတာဖြစ်ပြီး ကိုရီးယားအလည်သွားကြသူတွေဆို ရိုးရာဝတ်စုံကိုတောင် တကူးတက လဲဝတ်ပြီးတော့ လျှောက်သွားကြ ဓာတ်ပုံရိုက်ကြတာတွေတောင် ရှိကြပါတယ်နော်။

နောက်ပြီးတော့ Hanbok ဆိုတာက ဖက်ရှင်ပိုင်းနဲ့ ပတ်သက်နေလို့ အခုခေတ်လို ရေစီးကြောင်း အမြဲပြောင်းလဲနေတဲ့ ၂၁ ရာစုခေတ်ထဲမှာဆို Hanbok တွေက အရင်တုန်းကလို ခြေမျက်စိအထိဖုံးတဲ့ ဖက်ရှင်မျိုးမဟုတ်တော့ပါဘူးနော်။

ခေတ်လူငယ်တွေရဲ့ အကြိုက်အလိုက်ပေါ်မူတည်ပြီး ပြောင်းလဲပြင်ဆင်ထားတဲ့ ခေတ်သစ် Hanbok ဖက်ရှင်တွေဟာဆိုရင် ပေါ့ပေါ့ပါးပါးလည်းရှိပြီးတော့ အရောင်အသွေးစုံစုံလင်လင်နဲ့ လှပလွန်းပါတယ်နော်။

ကဲ ဒါဆိုရင် တဖန်ပြောင်းလဲချုပ်လုပ်ထားတဲ့ ခေတ်သစ် Hanbok ဖက်ရှင်စတိုင်လေးတွေကို အခုပဲ ကြည့်လိုက်ရအောင်လား။

Image Source: Pinterest