မိန်းကလေးအများစုက လက်ဝတ်လက်စားကြိုက်နှစ်သက်ကြတဲ့သူတွေပါပဲ။ လက်ဝတ်လက်စားဆိုရာမှာလည်း အမျိုးအစားအမျိုးမျိုး ကွဲပြားသွားပါသေးတယ်။ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်၊ နားကပ် စသဖြင့် အမျိုးမျိုးရှိကြသလိုပဲ ရွှေ၊ ငွေ၊ ပလက်တီနမ်၊ နီလာ၊ ပတ္တမြား စသည်ဖြင့်လည်း ကျောက်မျက်ရတနာမျိုးကွဲပေါင်း များစွာရှိပါသေးတယ်။ ပွဲလမ်းသဘင် အမျိုးအစားပေါ်မူတည်ပြီး ဝတ်ဆင်တဲ့ လက်ဝတ်လက်စားတွေကလည်း အမျိုးအစား အမျိုးမျိုးကွဲပြားသွားတတ်ပါတယ်။

ခေတ်ဆန်ပြီး ဖက်ရှင်ကျတဲ့ပျိုမေလေးတွေကတော့ စိန်၊ ရွှေ၊ ငွေထက်စာရင် 925 လို လက်ဝတ်ရတနာလေးတွေကို ဝတ်ဆင်လေ့ရှိကြပါတယ်။ စာဖတ်သူပျိုမေလေးရော ဘယ်လိုအမျိုးအစားကို ဝတ်ဆင်လေ့ရှိပါသလဲ။

ဆိုင်မှာ ခင်းကျင်းပြသထားတဲ့ ဒီဇိုင်းတွေကိုပဲ ရွေးချယ် ဝယ်ယူလေ့ရှိတာလား။ ဒါမှမဟုတ် မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းတွေကို ကိုယ်တိုင်ကိုယ်ကျ အပ်နှံလေ့ရှိကြတာလား။

ကိုယ်ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ကိုယ်တိုင်ကိုယ်ကျ အပ်နှံချင်တာဆိုရင်တော့ အခုဖော်ပြပေးမယ့် လက်စွပ်ဒီဇိုင်းလေးတွေက ပျိုမေလေးတို့အတွက် အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဘယ်လိုလက်စွပ်ဒီဇိုင်းလေးတွေက ပျိုမေတို့ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

ကဲ… ဘယ်လိုလဲ ပျိုမေလေးတို့ရေ။ အခုဖော်ပြပေးသွားတဲ့ လက်စွပ်ဒီဇိုင်းလေးတွေကို သဘောတွေ့ကြရဲ့လား။ သဘောကျတယ်ဆိုရင်တော့ ဆိုင် မြန်မြန်ပြေးပြီး လက်စွပ်သွားလုပ်လိုက်ကြရအောင်။

Photo Source: Pinterest