Fashion နဲ့ ပတ်သက်ရင် မော်ဒယ်တွေက သာမန်လူတွေထက် ပိုသိတတ်ကြပါတယ်။ ဘယ်လို ဝတ်ရင် စတိုင်ကျမလဲဆိုတာကို သူတို့ အနေနဲ့ သိထားဖို့ လိုတာမို့ လေ့လာထားတတ်ကြပါတယ်။ သင့်အနေနဲ့ မော်ဒယ်တစ်ဦးလို အထာကျကျ ဝတ်ဆင်တတ်ချင်ရင် သူတို့ရဲ့ ဝတ်ဆင်ပုံ၊ တွဲစပ်ပုံကို လိုက်ကြည့်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နာမည်ကျော် မော်ဒယ်တွေ ပုံမှန်ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး Street Style Fashion Outfit တွေကို ဖော်ပြပါရစေ။

အနက်တွဲစပ်မှု

ဒီပုံထဲက မော်ဒယ်က စကပ်အနက်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး စကပ်အရောင်ကို ကိုယ်စားပြုတဲ့ အိတ်နဲ့ ဖိနပ်တွဲထားကြောင်း ထပ်တွေ့ရမှာပါ။

All Black

All Black အရောင်တူတဲ့ တစ်ဆင်ဆာက တစ်ခါတလေ တစ်မျိုးကြီး ဖြစ်တတ်တာမို့ ဒီပုံထဲက မော်ဒယ်ကတော့ အနက်ကိုမှ စကပ်မှာ ပိုဖျော့တဲ့ အရောင်ကို ရွေးချယ်ထားတာ တွေ့ရမှာပါ။

တစ်ကိုယ်လုံး အနက်တွဲဝတ်မယ်ဆိုရင်တော့ ပုံထဲကလို နောက်တစ်ရောင် ဖြစ်တဲ့ သဘာဝ အသားအရေကို ဖော်ပြထားသင့်ပါတယ်။

သင်က ဆံပင် Blonde အဖျော့လေးကို ပိုင်ဆိုင်ထားရင် ဒါကို ပံ့ပိုးပေးတဲ့ အဝါရောင် ဂါဝန်ဝတ်နိုင်ပြီး သူနဲ့အတူ အနက်ကို တွဲနိုင်ပါတယ်။

ဘယ်ဘက် မော်ဒယ်က Blue Vibe ကို ဦးစားပေးထားကာ နွေရာသီနဲ့ လိုက်ဖက်မယ့် ဖက်ရှင်ပါ

အဖြူဝတ်မယ်ဆိုရင် အောက်ဘက် Jean ကို အဖျော့လေး ရွေးသင့်ပါတယ်။ ဒီလို ရွေးတဲ့အခါ Natural Fashion မျိုး ရစေပါတယ်။

Creamy Colour ဘောင်းဘီတွေကို ဒီလို တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။

အဖြူနဲ့ အနက်ကိုမှ Crazy ဖြစ်တဲ့ ပျိုမေတွေ Try ကြည့်သင့်တဲ့ ဖက်ရှင်

အနက်တစ်ခုလုံး ဝတ်ထားရင် အောက်ဖိနပ်ကို အနီလေးနဲ့ တွဲတဲ့အခါ Classic Vibe မျိုး ရစေပါတယ်။

အဖြူရောင် Jean တစ်မျိုးတည်းရှိရုံနဲ့ Outfit နှစ်မျိုး ရနိုင်ကြောင်း ပုံထဲက မော်ဒယ်တွေက သက်သေပြနေပါတယ်။

Summer Fashion Outfits

အစိမ်းရောင်ကလည်း အနက်ရောင်နဲ့ တွဲဝတ်ကြည့်သင့်တဲ့ အရောင်တစ်မျိုးပါ။

Photo Source: Pinterest

By MyStyle Myanmar