ပေါင်တံသွယ်သွယ်လေးတွေက ဘာဝတ်ဝတ်ကြည့်ကောင်းနေတတ်ပါတယ်။ မိန်းကလေးအများစုရဲ့ အိပ်မက်တစ်ခုက မော်ဒယ်တစ်ယောက်ရဲ့ ပေါင်တံလို သွယ်သွယ်လျလျ ပိုင်ဆိုင်ခြင်းပါ။ သင်က ပေါင်တံသွယ်သွယ်လေးတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
၁။ Lateral Leg Lifts
Photo Source: Pinterest
- လက်ထောက်တာ ဒါမှမဟုတ် ပုံထဲကလို တံတောင်နဲ့ ထောက်ထားနိုင်ပါတယ်။
- တစ်ဘက်ကို အားပြုထားပြီး အပေါ်ရောက်နေတဲ့ ခြေထောက်ကို မြှောက်တင်ပေးရပါမယ်။
- ဘယ်ညာ တစ်လှည့်စီကို အခါ ၅၀ လုပ်ရပါမယ်။
၂။ Inner Thigh Lifts
Photo Source: Pinterest
- ဘယ်ဘက်ခြေထောက်ကို အားပြုပြီး ထောက်ထားပေးရပါမယ်။
- ကျန်တဲ့ ညာဘက်ပေါင်ကို အားပြုပြီး အပေါ်မြှောက်ပေးရပါမယ်။
- ဒါကို အခါ ၅၀ ဘယ်ညာတစ်လှည့်စီလုပ်ရပါမယ်။
၃။ Upper leg taps
Photo Source: Pinterest
- ပုံထဲက ပုံစံမျိုး နေရာယူပေးရပါမယ်။
- ညာဘက်ကို အပေါ်မြှောက်ထားတယ်ဆိုရင် မြှောက်ထားလျက် ဒီအတိုင်း နေပေးရပါမယ်။
- မြှောက်ထားတဲ့ညာဘက်ကို ကျန်တဲ့ခြေထောက်က ဘေးစောင်းအနေအထားနဲ့ပဲ သွားထိပေးရပါမယ်။
- ဒီလိုထိနေတဲ့အချိန် လက်ကို အားပြုထားပေးပါ။
- တစ်ဘက်စီကို အခါ ၅၀ သွားထိရပါမယ်။
၄။ Criss Cross
Photo Source: Get Healthy U
- အိပ်လျက်အနေအထားနဲ့ ခြေထောက်ကို မြှောက်ပေးရပါမယ်။
- ပြီးနောက် ခြေနှစ်ဖက်ကို ကတ်ကြေးနဲ့ညှပ်တဲ့ပုံစံမျိုး အပေါ်အောက် တစ်လှည့်စီလုပ်ပေးရပါမယ်။
- ဒါကို အခါ ၅၀ လုပ်ပေးရပါမယ်။
၅။ Bridge Open/Close
Photo Source: Nourish, Move, Love
- Bridge လေ့ကျင့်ခန်း အနေအထားနဲ့ နေပေးရပါမယ်။
- ဒီအနေအထားနဲ့ပဲ ခြေဖျားထောက်ပေးရပါမယ်။
- ခြေဖျားထောက်အနေအထားနဲ့ ဘယ်ညာယိမ်းပေးရပါမယ်။
- ဒီလို အခါ ၅၀ ဘယ်ညာ လွှဲပေးရပါမယ်။
၆။ Open Close
Photo Source: Youtube.com
- အိပ်လျက်အနေအထားနဲ့ ခြေထောက်ကို မြှောက်ပေးရပါမယ်။
- ပေါင်ကားလိုက် ပေါင်ပြန်စုလိုက် လုပ်ပေးရပါမယ်။
- ဒါကို အခါ ၅၀ လုပ်ရပါမယ်။
By MyStyle Myanmar