ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Model ဆန်ပြီး ဆွဲဆောင်မှုရှိစေတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ အထာကျကျ Look တွေ၊ ဆွဲဆောင်မှုရှိတာမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ အသုံးဝင်မှာ သေချာပါတယ်။
ထိုင်ခုံမှာထိုင်တာတောင် ဆွဲဆောင်မှုရှိပြီး အထာကျနေအောင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မျက်နှာထားက အသက်ပါပဲ။
ဒီပို့စ်ကျတော့ ထိုင်တဲ့အနေအထားနဲ့ အကြည့်နဲ့က အဓိကပါပဲ။ ရိုက်ပေးတဲ့သူကလည်း အောက်ကနေ နည်းနည်းပင့်ရိုက်ပေးရင် ပိုမိုက်ပါတယ်။
ထွေထွေထူးထူး ပို့စ်မဟုတ်ပေမယ့်လည်း ဒီပို့စ်လေးက ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ လေတိုက်တဲ့အချိန် ဆံပင်လေးတွေလွင့်နေရင် ပိုလှပါတယ်။
ဒီပို့စ်ဆိုရင် ဆွဲဆောင်မှုရှိပြီး လှပါတယ်။ ဒီပို့စ်မှာကျတော့ မျက်နှာထားနဲ့ မျက်လုံးက အသက်ပါပဲ။
အောက်မှာထိုင်ပြီးရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ အိမ်မှာ Setting နည်းနည်းပြင်ပြီး ရိုက်လို့တောင်ရပါသေးတယ်။
ဒီပို့စ်ဆိုရင် အရမ်းလွယ်ပါတယ်။ အဓိကက မျက်နှာထားတဲ့ပုံစံပါပဲ။ Lighting မိုက်တဲ့နေရာမှာသာ ရိုက်ကြည့်ပါ။
လက်ကို ဒီလိုလေးထားပြီး ပို့စ်ပေးတာမျိုးက ဆွဲဆောင်မှုရှိပါတယ်။ ရယ်လိုက်ရင်လှသွားပြီး တည်တည်နေရင်တော့ ဆွဲဆောင်မှုရှိပါတယ်။
ထိုင်တဲ့ပုံစံက အထာကျကျလေးဖြစ်ပြီး မျက်နှာထားကတော့ ဆွဲဆောင်မှုရှိစေပါတယ်။ ဒီပို့စ်လေးဆိုလည်း အိမ်မှာတောင် အေးဆေးရိုက်လို့ရပါသေးတယ်။
ဒါကတော့ Model အိတ်ကြော်ငြာသလို ပို့စ်လေးပါ။ ဒါပေမယ့် ဆွဲဆောင်မှုရှိပြီး မိုက်လည်းမိုက်သလို ဆွဲဆောင်မှုလည်းရှိတာကြောင့် Try ကြည့်သင့်ပါတယ်။
Photo source:www.pinterest.com