Korean cosmetics brand တစ်ခုဖြစ်တဲ့ 3CE brand ကို တော်တော်များများသိမှာပါ။ 3CE Brand ကိုသိရင်တော့ 3CE Model ဖြစ်တဲ့ Park Sora ကိုလည်း နာမည်သာမသိရင်နေမယ်၊ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ သူမရဲ့ဖက်ရှင်၊ မျက်နှာထားနဲ့ ပို့စ်ပေးနည်းတွေက အရမ်းမိုက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် Model Park Sora ရဲ့ အထာကျကျပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
အထာကျကျဝတ်ပြီး ဆိုဖာပေါ်မှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ မျက်နှာကိုလည်း မပြုံးပဲ ခပ်တည်တည်နေတာက ပိုပြီးမိုက်ပါတယ်။
ကော်ဖီဆိုင်လေးတွေမှာပဲဖြစ်ဖြစ်၊ ထိုင်ခုံလေးတွေမှာပဲဖြစ်ဖြစ် ဘောင်းဘီရှည်လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် Sora လိုထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျကျနဲ့မိုက်ပါတယ်။
လှေကားလေးတွေမှာထိုင်ရိုက်မယ်ဆိုရင် ဒီလိုမျိုးလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။
ဒီလိုမျိုးလေးထိုင်ပြီး ပို့စ်ပေးတာမျိုးဆိုရင် ကိုယ့်အိမ်မှာပဲရိုက်လို့တောင် ရပါသေးတယ်နော်။
ခပ်မိုက်မိုက်ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိတာမျိုးလေးကြိုက်ရင်တော့ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။
Sora ရဲ့ ဒီပို့စ်လေးဆိုရင် အရမ်းမိုက်ပါတယ်။ နေကာမျက်မှန်နဲ့ ထိုင်နေတဲ့ပုံစံက အသက်ပါပဲ။
ထိုင်ခုံမှာထိုင်ပြီး ဒီလိုလေးပို့စ်ပေးလို့လည်းရပါတယ်။ ထိုင်ပြီးဓာတ်ပုံရိုက်ရင် ဘယ်လိုပို့စ်ပေးရမလဲ မသိတဲ့သူတွေအတွက်တော့ တော်တော်အသုံးဝင်ပါလိမ့်မယ်။
ရေကူးဝတ်စုံလေးနဲ့ ရေကူးကန်မှာရိုက်မယ်ဆိုရင် ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။
ဒီလိုမျိုးလေးလည်း ပို့စ်ပေးပြီးရိုက်လို့ရပါသေးတယ်နော်။ ဒီလိုပို့စ်ပေးနည်းကျတော့ ကိုယ်ဝတ်တဲ့ဖက်ရှင်ပေါ်မူတည်ပါတယ်။
Photo source: www.pinterest.com