သင်က မော်ဒယ်တွေလို စတိုင်ကျကျ လှချင်တယ်ဆိုရင်တော့ မော်ဒယ်အဖြစ် အလုပ်လုပ်ကိုင်သူတွေရဲ့ အကြံပေးချက်တွေအတိုင်း လိုက်နာသင့်ပါတယ်။ သူတို့ အတိုင်း လိုက်ဝတ်တာမဟုတ်ရင်တောင် သူတို့ပြောတဲ့ ဘယ်နေရာမှာ ဘယ်လိုဝတ်လိုက်ရင် အဆင်ပြေမလဲဆိုတဲ့ အကြံဉာဏ်တွေကို မှတ်သားထားသင့်ပါတယ်။ သင်က မော်ဒယ်တစ်ယောက်လို ဝတ်တတ်ချင်တယ်ဆိုရင်တော့ ဒီ Tip (၅) ခုအတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။

၁။ အဖြူအနက်မဝတ်ပါနဲ့

ကျွန်မတို့ မိန်းကလေးတွေက အများအားဖြင့် အင်္ကျီဝတ်မယ်ဆိုရင် အဖြူအနက် တွဲတာကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ တကယ်တော့ အဖြူနဲ့ အနက် အရောင်အတွဲအစပ်က မျက်လုံးထဲ ရိုးနေပြီ ဖြစ်ပြီး ကိုယ့်ကို စမတ်ကျတယ်လို့ မထင်ရစေပါဘူး။ မော်ဒယ်တွေရဲ့ အကြံပေးချက်ကတော့ အဖြူနဲ့အနက် တွဲမယ့်အစား ဒီတစ်ရောင်စီကို တခြားအရောင်တွေနဲ့ တွဲစပ်ပေးသင့်ပါတယ်။ ဥပမာ အဖြူနဲ့ ဂျင်းအပြာနဲ့ တွဲဝတ်တာမျိုးပါ။

၂။ အနက်နဲ့ တွဲဝတ်ဖို့

အောက်က အနက် စကပ် ဒါမှမဟုတ် ဘောင်းဘီဝတ်မယ်ဆိုရင် အပေါ်က အဖြူအစား မီးခိုးရောင် အင်္ကျီဝတ်ပေးသင့်ပါတယ်။ ဒီလိုဝတ်ပေးလိုက်တာက သင့်ကို ထင်းထွက်သွားတာမျိုးမရှိစေဘဲ သဘာဝကျကျနဲ့ ကြည့်ကောင်းနေစေမှာပါ။

၃။ ခါးပတ်ဝတ်တယ်ဆိုရင်

သင်က ခါးပတ်ဝတ်ဆင်လေ့ရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ ခါးပတ်အရောင်နဲ့ လွယ်တဲ့အိတ်အရောင်ကို အတူတူဖြစ်အောင် သတိထားဝတ်သင့်ပါတယ်။ ဒီလိုအရောင်ဆင်တူ ဝတ်လိုက်တာကြောင့် ပိုစတိုင်ကျတယ်လို့ ထင်ရစေပါတယ်။ အညိုရောင် ခါးပတ်ဝတ်ရင် အညို အိတ်လွယ်တာမျိုးပါ။

၄။ ဘရာကြိုး

သင်က ကြိုးပျောက်အင်္ကျီတွေ၊ ရင်ဘတ်အကျယ်ဝတ်စုံတွေ ဝတ်ရတယ်ဆိုရင် ဘရာကြိုး မပေါ်အောင် ဝတ်သင့်ပါတယ်။ ဘရာကြိုးပျောက်အကြည်တွေကလည်း ကြည့်လို့ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဝတ်အစားဝတ်တိုင်း ကြိုးမပေါ်ရလေအောင် ကြိုးပျောက် ဘရာ ဒါမှမဟုတ် စီလီကွန် ဘရာတွေ ဝတ်သင့်ပါတယ်။

၅။ အရပ်ရှည်တယ်ထင်ရအောင်

သင်က မော်ဒယ်တွေလို အရပ်ရှည်တယ်လို့ အထင်ခံချင်တယ်ဆိုရင်တော့ အင်္ကျီကို Crop Top ၊ ဘောင်းဘီကို ခါးရှည်မျိုး ရွေးချယ်ပေးသင့်ပါတယ်။ အရောင်ကိုလည်း Monochromatic ဖြစ်တဲ့ အရောင်ငြိမ်တာမျိုးကို ရွေးသင့်ပါတယ်။ အင်္ကျီကို အထဲ ထည့်ဝတ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar