အားလုံးပဲမင်္ဂလာပါနော်။ ဖက်ရှင်ကျကျနဲ့ အမြဲတမ်း မိုက်ချင်နေသူတွေအတွက် ဒီတခါမှာတော့ ဆန့်ကျင်ဘက် ဖက်ရှင်စတိုင်လ်တွေကို တွဲဖက်ပြီး စတိုင်လ်ကျအောင် ဝတ်ဆင်နည်းတွေကို မျှဝေပေးချင်ပါတယ်။

Suit Jacket ၊ စကတ်အတိုလေးနဲ့ Sneaker ဖိနပ်

Suit ဖက်ရှင်က တကယ်ကို အမိုက်စားပါပဲ။ အဲဒီ Suit ဖက်ရှင်ကို အပြည့်အစုံဝတ်မယ့်အစား ကုတ်ကိုဖြုတ်လိုက်ပြီး ဒီအတိုင်းလေးဝတ်ပေးတာကလည်း အမိုက်စားဖြစ်သလို Sneaker နဲ့ တွဲစီးလိုက်ပါ။

ရှပ်အင်္ကျီ ၊ Pencil Skirt နဲ့ ရှုးဖိနပ်

ရှပ်အင်္ကျီကို Pencil Skirt လေးနဲ့ တွဲစီးပြီး ရှုးဖိနပ်လေးစီးပေးလိုက်ရင် အမိုက်စားဖြစ်နေမှာပါ။

Crop Top, စကတ်အပွလေးနဲ့ ကွင်းထိုးရှုးဖိနပ်ပါးပါး

ဒီလိုဖက်ရှင်တွေအားလုံးကိုတွဲဖက်ပြီး ဝတ်ဆင်ရင်လည်း သင့်ကို အမိုက်စားဖြစ်နေစေမှာပါ။

ရှပ်အင်္ကျီပွပွ၊ Dress လေးနဲ့ ဒေါက်ပါတဲ့ ဘွတ်ဖိနပ်

ဒီဖက်ရှင်တွေကို တွဲဝတ်ကြည့်ရင်လည်း သင့်ကိုပိုပြီး စတိုင်လ်ကျစေမှာဖြစ်ပါတယ်။

ဂျင်းဂျက်ကတ်၊ ဂျင်းဘောင်းဘီနဲ့ ဒေါက်ဖိနပ်

ဂျင်းပေါ် ဂျင်းထပ်လိုက်ပြီး ဒေါက်ဖိနပ်လေးစီးပေးတာဟာ သင့်ကိုပိုပြီး မိန်းကလေးဆန်ဆန်လှနေစေမှာဖြစ်ပါတယ်။

ရင်ပြတ်၊ Overall ဂျင်းနဲ့ ဒေါက်ဖိနပ်

ဒီဖက်ရှင်ကလည်း သင့်ကို ချစ်စရာကောင်းစေပြီး ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

Playsuit ရယ် လွယ်အိတ်ရယ် ဒေါက်ဖိနပ်လေးရယ်

ဒီလိုဖက်ရှင်ကလည်း သင့်ကိုချစ်စရာကောင်းနေစေမှာဖြစ်ပါတယ်။

Source: www.yesstyle.com