အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရနိုင်တဲ့အရာတစ်ခုဆိုတာ လူတိုင်းသိနားလည်ကြပြီးသားဖြစ်မှာပါ။ နည်းမှန်လမ်းမှန်တဲ့ ဘဝအောင်မြင်မှုတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရငတော့ အခုပြောပြမယ့်အချက်တွေကို လုံးဝရှောင်ကျဉ်လိုက်ပါ။

(၁) အားနာတတ်ခြင်း

မြန်မာလူမျိုးတွေအများစုက အားနာတက်တဲ့စိတ်ကို မွေးထားကြပြီး ငြင်းပယ်ဖို့ ဝန်လေးတတ်ကြပါတယ်။ တကယ်တော့ အားနာတဲ့စိတ်က သင့်ကို ချုပ်နှောင်ခြင်းခံထားရရင် အောင်မြင်သင့်သလောက်အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တကယ်ပဲငြင်းပယ်ရမယ့်ကိစ္စတွေရှိလာခဲ့ရင် ငြင်းပယ်ပါ။ နေရာတိုင်းအားနာတဲ့စိတ်ကိုရှေ့တန်းတင်လို့မရပါဘူး။

(၂) စိုးရိမ်စိတ်များခြင်း

စိုးရိမ်စိတ်တွေဆိုတာ အောင်မြင်ရေးလမ်းကြောင်းမှာတော့ အကြီးမာဆုံးအတားအဆီးကြီးတစ်ခုဖြစ်ပါတယ်။ စိုးရိမ်တဲ့စိတ်တွေကြောင့် ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာတွေမှာ ခြေတုန်ချတုန်ဖြစ်ရပြီး တိကျအောင်မြင်တဲ့ ရလဒ်တစ်ခုထွက်ပေါ်လာဖို့ ခက်ခဲပါတယ်။ ဒါကြောင့်အောင်မြင်ချင်ရင် စိုးရိမ်စိတ်လွန်ကဲခြင်းတွေကို လျော့ချဖို့လိုအပ်ပါတယ်။

(၃) စွန့်စားမှုမရှိခြင်း

ကိုယ်ဘဝပြောင်းလဲတိုးတက်ဖို့အတွက်ဆိုရင် စွန့်စားခြင်းတွေကို ရင်းနှီးအောင်လုပ်ထားဖို့ လိုပါလိမ့်မယ်။ သမားရိုးကျဘဝနဲ့ ဖြတ်သန်းနေသ၍တော့ ဒုံရင်းကဒုံရင်းအတိုင်းပဲရှိနေမှာပါ။

ကိုယ့်ဘဝပြောင်းလဲတိုးတက်ဖို့ စွန့်စားရမယ်ဆိုရင် ကိုယ်ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့သာ စွန့်စားလုပ်ဆောင်ကြည့်ပါ။ ပြောင်းလဲတဲ့ရလဒ်တွေကိုခံစားရမှာသေချာပါတယ်။

(၄) ပြဿနာတွေကိုရှောင်လွဲခြင်း

ဘယ်အလုပ်မဆို အမှားအယွင်းတွေ ပြဿနာတွေဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်တော့ ကြုံလာရနိုင်ပါတယ်။ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှောင်လွဲတာထက် ကိုယ်တိုင်သေချာကိုင်တွယ်ဖြေရှင်းရဲဖို့လိုပါတယ်။ ရှောင်လွဲနေရုံနဲ့ ပြဿနာတွေပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အမှားတွေကနေ အမှန်ကိုပြင်ပြီး သင်ခန်းစာယူရင် အနာဂတ်မှာ ဘယ်လိုပြဿနာမျိုးကိုမဆို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။