ခေါင်းဖြီးတိုင်း ဆံပင်ကျွတ်လို့ စိတ်ညစ်နေလား ? တစ်ခါတလေ ဆံပင်ကို ဂရုစိုက်ရဲ့သားလို့ ဆံပင်က ကျွတ်မြဲတိုင်းကျွတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ သင်သတိမထားမိဘဲ ဆံပင်ကျွတ်စေတဲ့ ဒီအချက်လေးတွေကို သင်လုပ်မိနေလို့ပါ။

ရေနွေးနဲ့ရေချိုးတာ

ရေအပူက ဆံပင်ရဲ့သဘာဝအဆီတွေကို ဖယ်ရှားပစ်တာကြောင့် ဆံသားကို ပျက်စီးစေပြီး ကြာလာရင် ဦးရေပြား ရေဓာတ်ခန်းလာပြီး ဆံပင်ကျွတ်လာပါတယ်။ ဒါကြောင့် ရေပူနဲ့ခေါင်းလျှော်တာကို ရှောင်ပါ။

ဆီမလိမ်းတာ

ဆီလိမ်းတာက သင့်ဆံပင်ကို ပြုစုစောင့်ရှောက်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ နေ့တိုင်းလိမ်းပေးရင် သင့်ဆံပင်ကို ပိုမိုသန်စွမ်းစေပြီး ဆံပင်ခြောက်တာနဲ့ အပူဒဏ်ကနေ ကာကွယ်ပေးပါတယ်။

အပူသုံးတာ

ဆံပင်ကို Blow-Dry လုပ်တာ ၊ Heat Styling Tools တွေသုံးတာက ကြာလာရင် ဆံပင်ရဲ့အမြစ်တွေကို အားနည်းစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း Cool Drying ဒါမှမဟုတ် သဘာဝတိုင်း အခြောက်ခံပါ။

တင်းနေအောင်စည်းတာ

ဆံပင်ကို အချိန်အကြာကြီးတင်းနေအောင်စည်းတာက ဆံပင်အမြစ်တွေနဲ့ ဦးရေပြားကို တင်းစေတာမလို့ ကြာလာရင် ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ အထူးသဖြင့် ညဘက်အိပ်ချိန်မှာ ရှောင်ကြဉ်သင့်ပါတယ်။

အာဟာရချို့တဲ့တာ

ခန္ဓာကိုယ်က ကျန်းမာရေးကောင်းဖို့အတွက် အစားအသောက်ကောင်းတွေ လိုအပ်သလို ဆံပင်လည်း အတူတူပါပဲ။ ဘာပဲစားစား ရလဒ်ကို ဆံပင်ပေါ်မှာ မြင်ရတာမလို့ အစားအစာကို သေချာရွေးစားပါ။

စိတ်ဖိစီးမှုများတာ

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေ ကြုံလာရတဲ့အခါ ဆံပင်ကျွတ်တာတွေ ကြုံဖူးကြမှာပါ။ ဝမ်းနည်းနေရင် ကျန်းမာရေးလည်းမကောင်းနိုင်သလို ဆံပင်ကျန်းမာရေးလည်း မကောင်းပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုနည်းအောင်‌နေပါ။